News

POST TAGGED AS

လေယာဉ်

04-Jun-2018

လေယာဉ် MAI
MAI လေယာဉ် စက်ပိုင်းဆိုင်ရာချို့ယွင်း၍ ရန်ကုန်လေဆိပ်သို့ ပြန်ဆင်း
ရန်ကုန်၊ ဇွန် ၃

ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကို ပျံသန်းနေသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI လေယာဉ်သည် စက်ပိုင်းဆိုင်ရာ အနည်းငယ်ချို့ယွင်းမှုရှိသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ Head of Marketing & Public Relations ဒေါ်အေးမရသာက ပြောကြားသည်။

အဆိုပါလေကြောင်းလိုင်းမှ Airbus 319-111 လေယာဉ်သည် ဇွန်လ ၃ ရက် နံနက် ၈ နာရီ ၄၀ မိနစ်က စတင်ပျံသန်းခဲ့ပြီး လေယာဉ်စစ်ဆေးရန် လိုအပ်ချက်အရ နံနက် ၉ နာရီခွဲခန့်က ရန်ကုန်လေဆိပ်ကို ပြန်လည်ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ 

“အကြီးအမား အော်ပရေးရှင်းဖြစ်လို့ မဟုတ်ပါဘူး။ လေယာဉ်ပျံသန်းနေစဉ်မှာ စက်တစ်ခုခု ချို့ယွင်းမှု ရှိလာနိုင်မလားဆိုပြီး ယူဆမိလို့ ပြန်စစ်ဆေးဖို့ လေယာဉ်ပြန်ဆင်းလာတာပါ”ဟု ဒေါ်အေးမရသာက ဆိုသည်။

အဆိုပါလေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် ၇၉ ဦးရှိပြီး ရန်ကုန်လေဆိပ်တွင် လေးနာရီခန့် စောင့်ဆိုင်းစေခဲ့ကာ မွန်းလွဲ ၁ နာရီခွဲက ပျံသန်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုးနှင့် ဂါယာမြို့များကို လူဦးရေ ၁၈၀ ဆံ့ Airbus A320၊ လူဦးရေ ၁၂၀ ဆံ့ Airbus A319 များဖြင့် ပုံမှန်ပျံသန်းပေးလျက်ရှိပြီး (Charter Flight) စင်းလုံးငှားခရီးစဉ်များကိုလည်း သွားလိုသည့် ပြည်ပနိုင်ငံများအတွက် ဆက်သွယ်ငှားရမ်းနိုင်သည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။

J-06

  • VIA


FOLLOW US