News

POST TAGGED AS

လေဆင်နှာမောင်း

ရွှေကျင်ရေဘေး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ဟုဆို


တောင်ငူ၊ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့စစ်တောင်းမြစ်နှင့် ရွှေကျင်ချောင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေပြီး ဆက်သွယ်ရန်ခက်သည့် ကျေးလက်ဒေသများကို ဦးစားပေးဖြန့်ဝေပေးနေသဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးရှောင်များအတွက် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေကြောင်း ရွှေကျင်မြို့ခံ ဦးအောင်မိုးက ပြောကြားသည်။

“ကနေ့မနက် ရွာတွေဘက်ကို သောက်ရေသန့်၊ ခေါက်ဆွဲခြောက်နဲ့ ဆန်လို အရေးပေါ်အစားသောက်တွေ စက်လှေတွေနဲ့ ပို့ပြီ။ အခုဖြစ်နေတာကမြို့ပေါ်ရပ်ကွက်တွေက ရေဘေးရှောင်တွေအတွက် ဆန်လို ခေါက်ဆွဲခြောက်လို အစားသောက်တွေလိုအပ်နေတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရွှေကျင်နှင့်မဒေါက်မြို့အနီး စစ်တောင်းမြစ်နှင့်ရွှေကျင်ချောင်းရေသည် ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၆ နာရီအထိ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး ရွှေကျင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ဒေသပေါင်းပါက ရေဘေးရှောင်ဦးရေ ၄၈၉၂ ဦးရှိနေသည်ဟု ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

ပဲခူးတို်င်းဒေသကြီး အရှေ့ခြမ်းမြို့နယ်အချို့ဖြစ်သည့် တောင်ငူခရိုင်နှင့် ပဲခူးခရိုင်မြို့များရှိ စစ်တောင်းမြစ်ကမ်းမြို့များသည် မိုးရာသီရောက်တိုင်းရေကြီးရေလျှံမှုများနှင့် ကြုံတွေ ရလေ့ရှိပြီး ယခုနှစ် မိုးရာသီကာလအတွင်း ပဲခူးနှင့်ရွှေကျင်မဒေါက်မြို့များတွင် အနိမ့်ပိုင်းရပ်ကွက်ကျေးရွာများ မြစ်ရေဝင်နစ်မြုပ်မှုများကို ဇူလိုင်လ ဒုတိယအပတ်ခန့်ကတည်းက ခံစားခဲ့ရခြင်းဖြစ်သည်။

R-15




FOLLOW US