News

POST TAGGED AS

ရွှေ့ပြောင်းအလုပ်သမား

ထိုင်းနိုင်ငံရောက် အထောက်အထား မဲ့ မြန်မာအလုပ်သမားများအနက် ၁၀ ရက်အတွင်း လူဦးရေ လေးထောင်ခန့် ဖမ်းဆီးရမိကြောင်း မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်နိုင်က ပြောကြားသည်။
ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၅၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က သုံးရက်အတွင်း ဖမ်းဆီးထားကြောင်း မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင်က ပြောကြားသည်။
ထိုင်းနိုင်ငံအနေနှင့် နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်၍ ဇူလိုင်လ ၁ ရက် (ယနေ့)မှစ၍ တရားမဝင် လုပ်သားများကို စီမံချက်ဖြင့် စတင် ဖမ်းဆီးတော့မည်ဖြစ်၍ အထောက်အထားမဲ့ မြန်မာလုပ်သားများ မဲဆောက်နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်သူ တစ်ထောင်နီးပါးရှိကြောင်း မြန်မာသံအရာရှိက ပြောကြားသည်။
ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သား ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၁၀ ဦးသည် ဇွန် ၈ ရက်က ပြန်လည်ရောက်ရှိလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
သတ်မှတ် အနည်းဆုံးလုပ်ခလစာ အပြည့်အဝမရရှိခြင်း၊ ကမ်းကူးခနှင့် ထမင်းစရိတ်များ ဖြတ်တောက်ခြင်း၊ အချိန်ပိုကြေး အပြည့်အဝမရရှိခြင်းတို့ကြောင့် ဖေဖောဝါရီလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ တာခရိုင်ရှိ Gold File ကျောက်မျက်ရတနာ သွေးစက်ရုံမှ မြန်မာလုပ်သား ၁၀၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု မြဝတီအခြေစိုက် (KTG) အထွေထွေလူမှုကူညီရေးရုံးအဖွဲ့မှ စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI (Certificate Identity) စာအုပ်ကို ထုတ်ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် မေလမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်ထိ အဆိုပါစာအုပ်လုပ်ရန် အလုပ်သမား ၄၅၀,၀၀၀ ခန့် ကျန်ရှိနေကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးထံမှ သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်သည့် ထိုင်းနိုင်ငံ အခြေစိုက်အဖွဲ့အစည်းလေးဖွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ချီးမြှင့်သော မြန်မာလူမှုထောက်ကူပြု ဆုရရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း အလုပ်သမားများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဖိုရမ်ကို ဒဂုံတက္ကသိုလ်တွင် ယနေ့(ဒီဇင်ဘာလ ၁၉) ကျင်းပမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ဦးမိုးဟိန်းက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေသူများနှင့် အထောက်အထားမဲ့ မြန်မာအလုပ်သမား လေးသိန်းခွဲခန့်ကို ဩဂုတ် ၁၅ ရက်မှစ၍ CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်)များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မြန်မာအလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောကြားသည်။
တောင်ကိုရီယားနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား အချို့သည် တန်းတူ အလုပ်သမား အခွင့်အရေးရရှိရန် ကိုရီးယား အလုပ်သမား ဝန်ကြီးဌာနကို ဆန္ဒပြလျက်ရှိကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစိုးမိုးသူက ပြောကြားသည်။