News

POST TAGGED AS

ရွှေပြည်သာ

မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၆ ရက် ညပိုင်းက စကားများရာမှ အမျိုးသားနှစ်ဦးမှာ ဓားဖြင့်ထိုးခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့အတွင်း ချိတ်ဆက်ထား သော ဓာတ်အားလိုင်းကြိုးများ ချိတ်ဆက်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်)တွင် မြို့နယ်အချို့၌ အချိန်ပိုင်း မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ ကံ့ကော်လမ်းသွယ် (၂) လမ်းပေါ်တွင် ဖေဖော်ဝါရီလ ၂ ရက် ည ၉ နာရီခန့်က အရက်သောက်ဝိုင်းတွင် စကားများရန်ဖြစ်သည်ကို မကျေနပ်၍ ယာဉ်မောင်းဖြစ်သူကို ယာဉ်နောက်လိုက် အမျိုးသားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လူသတ်မှုဖြင့် ထောင် အကြိမ်ကြိမ် ကျခဲ့သော ရွှေပြည်သာမှ လူမိုက်ဟုဆိုသူ ကျော်နိုင် အသတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူဟုဆိုသည့် အမျိုးသား သုံးဦးကို ထပ်မံ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Sep-2017 tagged as ရွှေပြည်သာ
ရွှေပြည်သာစက်မှုဇုန်ရှိ ပိတ်သိမ်းထားသော အရက်ချက်စက်ရုံအချို့သည် ခွင့်ပြုချက်မရှိဘဲ စက်ရုံ လည်ပတ်နေသဖြင့် ပတ်ဝန်းကျင် ထိခိုက်မှု ရှိလာခြင်းကြောင့် ရပ်ကွက်နေ ပြည်သူများက ယနေ့ (စက်တင်ဘာလ ၂၀ ရက်)တွင် ဥပဒေအရ စိစစ်အရေးယူပေးရန် လမ်းလျှောက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက် ဘုရင့်နောင်လမ်းတွင် ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက် ၉ နာရီဝန်းကျင်က Nibban Show Room တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဦးအောင်ဇေယျလမ်းနှင့် ဇောတိက ပန်းခြံလမ်းထောင့်တွင် မေလ ၅ ရက် ည ၁၁ နာရီခန့်က နာရေးအိမ် ဖဲဝိုင်းကို ဓားပြ ဝင်တိုက်ခံခဲ့ရကြောင်း အဆိုပါ ရပ်ကွက် ရာအိမ်မှူး ဦးခင်ဇော်က အတည်ပြု ပြောကြားသည်။
“ရွှေပြည်သာက လူမိုက်ခေါင်းဆောင် ခေါလေးနဲ့ အခုဖမ်းမိသူ လူမိုက်ခေါင်းဆောင် ကြက်ဖကြီးတို့ အဖွဲ့က ရန်ဘက်တွေ၊ ပွဲဈေးမှာ ခေါလေးရဲ့ ညီဝမ်းကွဲကို သူတို့အဖွဲ့က သတ်ပြီး ထွက်ပြေး တိမ်းရှောင် နေခဲ့တာ ၁၀ လ နီးပါးကြာမှ သူ့ကို ပြန်ဖမ်းမိခဲ့တာ၊ ကြက်ဖကြီး ယခင် ကျူးလွန်ထားတဲ့ လုယက်မှု၊ ဓားခုတ်မှုတွေကို ဖော်ထုတ်အရေးယူဖို့ လတ်တလော စစ်ဆေးနေတယ် ”
"ပျောက်ဆုံးနေတဲ့ ဆေးဝါးတွေ ပြန်ဖြည့်ပေးဖို့ အမှုဖွင့် တိုင်ကြားခံရသူကို အသိပေးခဲ့ပေမယ့် သူက တာဝန်မယူဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့တာကြောင့် ရဲစခန်းမှာ အမှုလာဖွင့်ခဲ့တာပါ၊ အမှုဖွင့်ခံရသူ အမျိုးသမီးကို လတ်တလော ရှာမတွေ့သေးဘူး"