News

POST TAGGED AS

ရွှေတိဂုံ

အမျိုးသားသွေးဌာနက ဖွင့်လှစ်ထားသည့် ရွှေတိဂုံစေတီတော်ကြီး၏ အနောက်ဘက်စောင်းတန်းထိပ်ရှိ ယာယီသွေးအလှူခံသည့်နေရာသို့ သုံးလအတွင်း သွေးအလှူရှင် ခြောက်ထောင်ကျော် လာရောက်လှူဒါန်းကြောင်း ယင်းဌာနက ထုတ်ပြန်သည်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် မေလ ၁၉ ရက် နံနက် ၈ နာရီခန့်က ဘုရားပေါ်တက်သည့် ဓာတ်လှေကားတစ်စင်း စက်ချို့ယွင်း၍ လူ ၁၆ ဦးမှာ ဓာတ်လှေကားအတွင်း တစ်နာရီကျော်ကြာ ပိတ်မိနေခြင်းကြောင့် ဓာတ်လှေကား အမိုးဖြုတ်ကာ အရေးပေါ်ကယ်ဆယ်လိုက်ရကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့၊ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို သံဃာတော်အပါး ၁၈၀ဝ၀ ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်သောကြောင့် အဓိက လမ်းမကြီး ၁၁ လမ်းကို နှစ်ရက်လမ်း ပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
18-Dec-2017 tagged as ရွှေတိဂုံ
ရွှေတိဂုံစေတီ တက်ရောက်ခွင့်ပိတ်ကြောင်း အသိပေးမှု နောက်ကျသည့်အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများ အခက်အခဲ ဖြစ်ရကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။
12-Oct-2017 tagged as ရွှေတိဂုံ
ရွှေတိဂုံစေတီတော်သို့ လာရောက်လေ့လာသည့် ပြည်ပ ဧည့်သည်များထံမှ ဧည့်ဝင်ကြေး ကျပ်သိန်း သုံးသောင်းကျော် ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ထံမှ သိသည်။
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မည့် မသင်္ကာမှုများကြောင့် လူစည်ကားသော နေရာများနှင့် ရွှေတိဂုံဘုရားတို့တွင် လုံခြုံရေးကဏ္ဍ အဆင့်မြှင့်တင်ထားကြောင်း အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။
21-Jul-2017 tagged as ရွှေတိဂုံ
ရွှေတိဂုံဘုရားတွင် ယခုနှစ်ဆန်းက ရွှေသင်္ကန်း တစ်ကျပ်သားလျှင် ကျပ်နှစ်သိန်း နှစ်သောင်းခန့် ဈေးနှုန်းတိုးလိုက်သော်လည်း လှူဒါန်းမှု မလျော့ဘဲ ခုနစ်လအတွင်း ရွှေသင်္ကန်း ကျပ်သား ၂၀၀၀ ကျော် အလှူခံ ရရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
04-Jul-2017 tagged as ရွှေတိဂုံ
ရွှေတိဂုံ စေတီတော်မြတ်ကြီး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ၂၀၁၉ ခုနှစ်အတွင်း၌ ယူနက်စကိုသို့ အမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
04-Jul-2017 tagged as ရွှေတိဂုံ
ရွှေတိဂုံစေတီတော်၏ အလှူငွေ ကျပ်ဘီလီယံ ၆၀ ကျော်ခန့်နှင့် ဒေါ်လာသန်းပေါင်းများစွာကို မြန်မာ့စီးပွားရေးဘဏ်၌ အပ်နှံထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုသည်။
21-May-2017 tagged as ရွှေတိဂုံ
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် တစ်လျှောက်ရှိ ကျူးကျော်ဈေးဆိုင်များနှင့် ဖိနပ်ထည့်ရန် ကြွပ်ကြွပ်အိတ် ရောင်းသော ဈေးသည်တစ်ရာနီးပါးကို ဘုရားလုံခြုံရေး၊ စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းတွင် နေ့စဉ် ရှင်းလင်း ဖယ်ရှားနေကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။