News

POST TAGGED AS

ရွှေစက်တော်

မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားဝင်းအတွင်း နှစ်စဉ် ဈေးရောင်းချလေ့ရှိသည့် တောင်ပေါ်တောင်အောက်ရှိ မိုးခိုဈေးသည်များအနေနှင့် နေရပ်ပြန်ရန် ဂေါပကအဖွဲ့က ညွှန်ကြားခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။
မန်းရွှေစက်တော် ဘုရားပွဲဧရိယာပြင်ပတွင် ဆောက်လုပ်ထားသည့် မန်းသီတာ အခမဲ့အပန်းဖြေနားနေစခန်း ပိုင်ရှင်ကို ရေအရင်းအမြစ်ဥပဒေဖြင့် ဒုတိယအကြိမ်မြောက်အဖြစ် တရားစွဲလိုက်ကြောင်း ရေအရင်းအမြစ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာထွန်းက ပြောကြားသည်။
မန်းရွှေစက်တော် ဘုရားပွဲဆိုင်ခန်းများ နေရာချထားရာတွင် အဂတိလိုက်စားမှုများရှိသည်ဟု တိုင်ကြားခံရသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ဂေါပကအဖွဲ့ဝင်များကို မကွေးတိုင်းလွှတ်တော်က လေ့လာစုံစမ်းရေး ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးခဲ့ကြောင်း အဆိုပါစစ်ဆေးရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ရှိ စောင်းတန်းဈေးသည်များသည် မူလနေရာ၌ ပြန်လည်ရောင်းချခွင့် ရရှိရေးအတွက် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မင်းဘူးမြို့ရှိ ရွှေစက်တော်ဂေါပက အဖွဲ့ရုံးရှေ့တွင် လူအင်အား ၃၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ စုံစမ်းသိရှိရသည်။
ဘုရားဖူး ရာသီအတွင်း ဈေးနှုန်း မြင့်တက်လေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်အတွင်း ဂေါပကအဖွဲ့က သတ်မှတ်ထားသည့် တည်းခိုခန်းခ ဈေးနှုန်းများထက် ပိုမို ကောက်ခံသည့် လုပ်ငန်းရှင်နှစ်ဦးကို ကျပ် ၁၀ သိန်းနှင့် သိန်း ၂၀ အထိ ဒဏ်ကြေး သတ်မှတ်လိုက်ကြောင်း