News

POST TAGGED AS

ရေကြီး

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် ဩဂုတ်လ ၅ ရက် နံနက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မြိတ် တောင်၊ အောင်မင်္ဂလာ၊ ရာပြည့်၊ ပါရမီ၊ ရွှေပြည်တန်၊ ကန်ဖျားမြေနီလမ်းနှင့် တပ်ပြင်ရပ်ကွက်တို့ရှိ မြေနိမ့်ပိုင်းနေအိမ် အချို့နှင့် လမ်းမများပေါ်သို့ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
23-Jul-2017 tagged as ရေကြီး ပြည် Disaster
လက်ရှိ ရေကြီးရေလျှံမှုများသည် နှစ်စဉ် ဖြစ်ပေါ်နေကြပြဿနာဖြစ်နေ၍ သဘာဝဘေးဒဏ် မဟုတ်တော့ဘဲ နေထိုင်မှုပုံစံ ပြောင်းလဲရန် လိုအပ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။
22-Jul-2017 tagged as ရေကြီး
သာယာဝတီမြို့နယ် အနောက်ဘက် အိပ့်လဟာကျေးရွာတွင် ဇူလိုင်လ ၂၁ ရက် ည ၁ နာရီအချိန်က လှိုင်မြစ်ကို ကာရံထားသည့် ရေကာတာ ကျိုးပေါက်၍ နေအိမ်သုံးလုံး ရေထဲမြောပါသွားပြီး အိမ်ထောင်စု ၆၇ စုမှ လူဦးရေ ၂၂၀ ဦး ရေဘေးရှောင်နေရကြောင်း အိပ်လဟာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစေးလယ်ဘွယ့်က ပြောကြားသည်။
22-Jul-2017 tagged as ရေကြီး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခြင်းနှင့် တောင်ကျချောင်းရေများကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံ ၃၀၀၀ ခန့် ဇူလိုင်လ ၂၁ ရက်တွင် ဘေးလွတ်ရာ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခိုလှုံနေရသည်ဟု ဒေသခံများထံမှ သိရသည်။
18-Jul-2017 tagged as ရေကြီး မြိတ်
ပြီးခဲ့သည့် ရက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့၍ မြိတ်-ကော့သောင်းလမ်းပိုင်း ပြည်ကြီးမဏ္ဍိုင်မြို့ ကားလမ်းမပေါ် (မနိုးလုံးရွာနှင့် ရွာသာယာအကြား)တွင် ဇူလိုင်လ ၁၆ ရက်ကစပြီး ရေလျှံမှု ဖြစ်ခဲ့ရကြောင်း မြိတ်-ကော့သောင်း ခရီးသည်တင် ယာဉ်လိုင်း အသိုင်းအဝိုင်းမှ သိရသည်။
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြစ်ကမ်းဘေးတွင် တည်ရှိသော မြို့လေးခုမှ အိမ်ထောင်စုပေါင်း ၃၅၀ ကျော်သည် ရေလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရပြီး စာသင်ကျောင်း ၅၀ ကျော် ပိတ်ထားရကြောင်း စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရုံးထံမှ သိရသည်။
14-Jun-2017 tagged as ရေကြီး
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာအနီး လွှာချောင်း ရေကြီးမှုကြောင့် နေအိမ်အချို့ ပြောင်းရွှေ့နေထိုင်ရပြီး ပုသိမ်- မုံရွာ ကားလမ်းမကြီးနှင့် ချိတ်ဆက်ထားသည့် ယင်းမြို့နယ်တွင်းရှိ ကျေးလက်လမ်းတံတားနှစ်စင်း ရေစီးနှင့် မျောပါခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့တွင်း ဇွန်လ ၄ ရက်က နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အပြင် လေပြင်းကျခဲ့ခြင်းကြောင့် မြို့တွင်းမြို့နယ်အချို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ နေအိမ်အချို့ ပျက်စီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် ရထားလမ်း ရေကျော်မှုများ ဖြစ်ပေါ်ခဲ့သည်။
09-Jan-2017 tagged as ထိုင်း ရေကြီး
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ရာဘာထုတ်လုပ်ရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းသွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၉ ရက်) ထုတ်ပြန်လိုက်ပါတယ်။
17-Aug-2016 tagged as ရေကြီး
"မြစ်ညာရေက ဆင်းနေဆဲ ပင်လယ်ဒီရေ မြင့်တက်ချိန် မိုးကလည်းရွာနေမယ်ဆိုရင် ပုသိမ်မြို့ရဲ့ အနိမ့်ပိုင်းနေရာ ရေပိုမြုပ်လာနိုင်တယ်"