News

POST TAGGED AS

ရေကြီး

24-Jun-2018 tagged as ရေကြီး Disaster
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့တို့တွင် ဇွန်လ ၆ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုများနှင့် ခရီးသွားများ ဘေးအန္တရာယ်ကင်းရှင်းရေးအပါအဝင် ရေဘေးတွေ့ကြုံနေရသူများအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရမှုများကို ဖော်ပြအပ်ပါသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး နေရာအများစု၌ မြေပြိုခြင်းဖြစ်ပွားခဲ့ရာ သေဆုံးသူရှစ်ဦးရှိပြီး သုံးဦးမှာ ဒဏ်​ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်းရေးမှူး ဦးကောင်းစံက ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇွန်လ ၁၉ ရက်တွင် မွန်ပြည်နယ်သို့ရောက်ရှိလာပြီး မြေပြိုမှုကြောင့် ပျက်စီးခဲ့သော ကျိုက်သလ္လံစေတီ၏ ပြုပြင်ရာတွင် ကူညီရန်နှင့် မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများထံ သွားရောက်ကာ ကူညီထောက်ပံ့ခဲ့သည်။
19-Jun-2018 tagged as ရေကြီး Disaster
ရေကြီးသည့်ကာလ ရှည်ကြာပါက ပြန်လည်ထူထောင်ရေးကာလသည်လည်း ရှည်ကြာတတ်သဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ အချိန်အတော်ကြာအောင် ပြန်လည် လုပ်ကိုင်ကြရခြင်း မရှိသည့်အတွက် နောင်ရေးတွေးကာ စိတ်ပူပန်မှုများဖြစ်ကြရခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရသဖြင့် သားသမီးများ၏ ပညာရေးအတွက် တွေးတောပူပန်ခြင်းများ ဖြစ်ပေါ်လာမည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။
မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် ဇွန်လ ၁၇ ရက် ရေကြီးမှုကြောင့် အိမ်ခြေ ၃၅၀၀ ကျော် ရေဝင်နစ်မြုပ်၍ ကိုယ်ဝန်ဆောင်သည်တစ်ဦး သေဆုံးကာ လူ ၇၄၀၀ ကျော် ရေဘေးတိမ်းရှောင်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၂၄ ခု ဖွင့်လှစ်ခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ တွင် မိုးရွာသွန်းမှုအားကောင်းနေပြီး မွန်ပြည်နယ်တစ်ခုလုံး ရေကြီးရေလျှံမှုများဖြစ်ကာ မော်လမြိုင်၊ ရေး၊ မုတ္တမ၊ သံဖြူဇရပ်မြို့များသည်လည်း အခြေအနေ ဆိုးဆိုးရွားရွား ကြုံနေရကြောင်း မော်လမြိုင်မြို့တွင် နေထိုင်သည့်သတင်းထောက်က သတင်းပေးပို့သည်။
မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် ဇွန်လအတွင်းက မိုးဆက်တိုက်ရွာသွန်းခဲ့ခြင်းကြောင့် အခက်အခဲဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုပေါင်း ၄၅၀ မှ လူဦးရေ ၁၃,ဝ၀၀ ခန့်အတွက် ကျပ်သိန်း ၂,၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ရေကြီးနေမှုကြောင့် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀ နီးပါး ပိတ်ထားရကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောကြားသည်။
မန္တလေးတိုင်း သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့အနေနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် မကွေးတိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
16-Jun-2018 tagged as ရေကြီး Disaster
ဟင်္သာတမြို့နယ်အတွင်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် ကျေးရွာအုပ်စုများရှိ စိုက်ပျိုးပြီး လယ်မြေဧက သုံးထောင်ဝန်းကျင် ရေနစ်မြုပ်ပျက်စီးနိုင်ရာ မျိုးစပါး အရေးပေါ် လိုအပ်ချက်ရှိနေကြောင်း ဘိတ်ရိုးကျေးရွာရှိ လယ်ရေမြုပ်ခဲ့သည့် တောင်သူ ဦးမောင်မောင်နိုင်က ပြောကြားသည်။