News

POST TAGGED AS

ရေကြီး

ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့များတွင် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှစတင်ပြီး စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခဲ့သည့်အတွက် လူနေအိမ်ခြေ ၂၀၀ ကျော် ရေဝင်ပြီး နစ်မြုပ်နေကြောင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။
24-Jul-2018 tagged as ရေကြီး လာအို
လာအို အရှေ့တောင်ပိုင်းတွင် ဆောက်လုပ်ဆဲ ဆည်ကြီးပြိုကျသွားခဲ့ရာတွင် ရုတ်တရက် ရေများတက်လာပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေပြီး ကျေးရွာများစွာ ရေလွှမ်းမိုးသွားပြီဖြစ်ကြောင်း လာအိုအစိုးရက အတည်ပြု ကြေညာထားသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နံနက်က ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာအနီးသို့ ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျေးရွာ ၂ ရွာတို့တွင် ရေဝင်ရောက်သဖြင့် ရေဘေးသင့်သူ ၈၀၀ ကျော်ကို ပြောင်းရွှေ့ထားရကြောင်း ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကပြောသည်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ရေလွှမ်းသဖြင့် ဇူလိုင်လ ၁၆ ရက်မှစပြီး နေအိမ်အချို့ စတင်ပြောင်းရွှေ့နေရကြောင်း ယင်းမြို့နယ် ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စည်ဖြိုးထံမှ သိရသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ဖြတ်သန်းစီးဆင်းသည့် လှိုင်းဘွဲ့မြစ်နှင့် မဲပချောင်းတို့၏ မြစ်ရေတိုးမှုနှင့် တောင်ကျချောင်းရေများကြောင့် လှိုင်းဘွဲ့မြို့နယ် (က) ရပ်ကွက်နှင့် (၂) ရပ်ကွက်တို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။
11-Jul-2018 tagged as ဂျပန် ရေကြီး
ဂျပန်နိုင်ငံအနှံ့တွင် မကြုံစဖူး မိုးသည်းထန်မှုများကြောင့် ရေကြီး၊ မြေပြိုမှုများ အင်္ဂါနေ့က ပိုဆိုးလာခဲ့ပြီး သေဆုံးသူအရေအတွက် ၁၄၁ ဦးအထိရှိလာကာ အသက်ရှင်သူများကို ရှာတွေ့နိုင်မည့် မျှော်လင့်ချက် မှေးမှိန်နေပြီဟု AFP သတင်းတွင် ဖော်ပြထားသည်။
10-Jul-2018 tagged as ဂျပန် ရေကြီး
အခြေအနေဆိုးသောရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်နေသော ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသများတွင် နောက်ထပ်မိုးရွာသွန်းမှုများ ပိုများလာမည်ဟု မျှော်လင့်ရသောကြောင့် မကြုံစဖူး အန္တရာယ်များကို ရင်ဆိုင်နေရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
08-Jul-2018 tagged as ဂျပန် ရေကြီး
ဂျပန်နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် မိုးသည်းထန်မှုကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးကာ ၄၅ ဦးပျောက်ဆုံးနေပြီး လူပေါင်း ၁ ဒသမ ၆ သန်းခန့်ကို နေအိမ်များမှ ဖယ်ရှားကယ်ဆယ်ထားရသည်ဟု NHK သတင်းက ကြေညာကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးစပါး၊ မြေပဲ၊ နေကြာနှင့် နှမ်းစသည့် စိုက်ဧကပေါင်း သုံးသိန်းကျော် ထိခိုက်ပျက်စီးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
ယခင် ၁၉၈၈ ခုနှစ်လောက်ထိ ရာသီဥတုဆိုးရွားလို့ ရေကြီးရေလျှံတာ၊ ကမ်းပြိုတာ၊ လူသေဆုံးတယ်ဆိုတာ ရှားမှရှားပဲ။ သဘာဝသစ်တောကြီးတွေက ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်းထားတော့ တော်ရုံပြင်းထန်တဲ့ မုန်တိုင်းလောက်ကို မမှုရေးချမမှုပါ။ လူသေဆုံးမှု မိုးကြိုးစက်ကွင်းနဲ့မလွတ်လို့ သေဆုံးတယ်ဆိုတာ မကြားသလောက်ပါပဲ။ ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်း အထိ သဘာဝသစ်တောတွေ ကျန်ရစ်ခဲ့တဲ့နည်းတူ သဘာဝဘေးဆိုး၊ ရေကြီး၊ ရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေ တစ်နိုင်ငံလုံးကြုံတွေ့လာရတယ်။