News

POST TAGGED AS

ရေကြီး

တိုင်းနှင့်ပြည်နယ်အနှံ့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် စပါးစိုက်ဧကများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ရေကြီးနစ်မြုပ် လယ်မြေများတွင် စပါး အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပူးပေါင်းကူညီမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကြက်ခြံများ ရေကြီးနစ်မြုပ်မှုများကြောင့် ထွက်နှုန်းလျော့ကျကာ ကြက်သားဈေးများ မြင့်တက်လာကြောင်း အသားတိုး ကြက်ထုတ်လုပ် မွေးမြူရောင်းချသူများ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဝင်းက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင်လ ၂၃ ရက်နေ့မှစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးစပါး၊ ပဲမျိုးစုံ၊ နှမ်းနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ဧကပေါင်း ခုနစ်သိန်းခွဲကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
“ရေဘေးစခန်းအချို့လည်း ရေထပ်ကြီးလို့ အဲဒီနေရာကနေ တခြားနေရာကို ပြောင်းရွှေ့နေရတာတွေ ဘားအံမှာ ဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်း မြန်မာနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး လူတစ်သိန်းခန့် ရေဘေးဒုက္ခသည်အဖြစ် ခိုလှုံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက The Voice Daily သတင်းစာသို့ အတည်ပြု ပြောကြားသည်။
မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် ရထားလမ်း ပျက်စီးနေသည့်အတွက် မော်လမြိုင်- ရန်ကုန် ရထားကို လိုက်ပါစီးနင်းမည့် ခရီးသည် ၃၅၀ ခန့် မော်လမြိုင် ဘူတာကြီးတွင် သောင်တင်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူမြို့ စစ်​​တောင်းမြစ်​စိုးရိမ်​​ရေမှတ်​အထက်​ ​ကျော်​လွန်​​ရောက်​ရှိခဲ့သဖြင့်​​ ဘုန်း​တော်​ကြီး​ကျောင်းများ၊ စာသင်​​ကျောင်းများတွင်​​ အိမ်​​ထောင်​စု ၂၃၄ စု လူဦးရေ ၉၅၀ ​ကျော်​ ​ရွှေ့ပြောင်းပြီး ကယ်​တင်​​စောင့်​​ရှောက်​ထားရသည်​ဟု ​တောင်​ငူမြို့နယ်​ အုပ်​ချုပ်​ရေးဦးစီးဌာနက ထုတ်​ပြန်​သည်​။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အဝေးပြေးလမ်းမကြီး မိုင်တိုင် ၁၂၆ နှင့် ၁၂၇ ကြားကားလမ်းတွင်ရေ ၃ ပေခန့် ကျော်နေသည့်အတွက် အဝေးပြေးလမ်းမကြီးကို ကားသွားလာခွင့်ပိတ်ထားကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
ရွှေ​တောင်​မြို့နယ်​ ယွန်းတန်းရပ်​ကွက်​ အတွင်းရှိ ​အိမ်​​ခြေ ၈၀​ ကျော်မှာ ရေဝင်​​ရောက်​မှု​ကြောင့် ကယ်​ဆယ်​​ရေးစခန်းသို့​ ပြောင်း​ရွှေ့​နေထိုင်​​နေရကြောင်း ​ရွှေ​တောင်​မြို့ ​ရွှေမျက်​မှန်​ဘုန်းကြီး​ကျောင်း ​ရေ​ဘေးကယ်​ဆယ်​​ရေးစခန်းတာဝန်​ခံ ဦးပဉ္စင်း ဦးဝဏ္ဏသီရိက​ မိန့်ကြားသည်​။