News

POST TAGGED AS

ရေကြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်စည်းကျေးရွာအနီးရှိပြီး ၂၀၁၇ ခုနှစ် မိုးရာသီကာလ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် မြေထိန်းနံရံကို ၂၀၁၈ ခုနှစ် ၆ လ ဘတ်ဂျက်ဖြင့် ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒုဦးစီးမှူး ဦးကျော်စိုးက ပြောကြားသည်။
ပြင်သစ်နိုင်ငံ ပဲရစ်တွင် စိန်းမြစ် ရေတက်လာသောကြောင့် မြစ်ကမ်းနံဘေး နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အမြင့်ဆုံး သတိပေးနှိုးဆော်ထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် ဝင်ရောက် တိုက်ခတ်သွားသော တိုင်ဖုန်းမုန်တိုင်း ဒမ်မရီကြောင့် အနည်းဆုံး ၂၇ ဦး သေဆုံးပြီး လူ ၂၀ ကျော် ပျောက်ဆုံးနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် စစ်တောင်းမြစ်ရေသည် အောက်တိုဘာလ ၁၄ ရက်က မြို့၏ စိုးရိမ်ရေမှတ် ၆၀ဝ စင်တီမီတာ အထက်သို့ ယခုနှစ်အတွင်း တတိယအကြိမ် ကျော်လွန် ရောက်ရှိခဲ့ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေသည့်အတွက် လူဦးရေ တစ်သောင်းနီးပါးမှာ ရေဘေးဒဏ်သင့်သည့်အတွက် ရေလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး ဆက်သွယ်သွားလာရေးမှာ ပြတ်တောက်နေဆဲ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင် ရွာသွန်းခဲ့သည့်မိုးကြောင့် တောင်ကျချောင်းရေ ကျဆင်းလာပြီး တံတားနှစ်စင်း ရေထဲမျောပါပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။
05-Sep-2017 tagged as ရေကြီး
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် မြို့၏စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် ၂၇ စင်တီမီတာ ကျော်လွန်ရောက်ရှိခဲ့ရာ စက်တင်ဘာလ ၄ ရက်တွင် ရေဘေးရှောင်သူ အိမ်ထောင်စု ၂၀၀၊ လူဦးရေ ၅၀၀ ခန့်အထိ ရှိလာကြောင်း တောင်ငူမြို့ ပေါ်တော်မူဘုရား ရေဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် လေးနှစ်အတွင်း ပထမဆုံးအကြိမ် စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ကျော်လွန်ရောက်ရှိ၍ ယနေ့ (စက်တင်ဘာလ ၃) ရက်တွင် အိမ်ထောင်စု ၅၀ ခန့်၊ လူဦးရေ ၃၀၀ ခန့် ရေလွတ်ရာသို့ ရွှေ့ပြောင်း ရေဘေးရှောင်နေရကြောင်း မြို့နယ်ထွေ/အုပ်ရုံးထံမှ သိရှိရသည်။
26-Aug-2017 tagged as ရေကြီး
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင်တွင် ဩဂုတ်လ ၂၅ ရက်က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ခရိုင်းတွင်းရှိ မြို့နယ် ၅ ခုတွင် ဩဂုတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ အခြေခံ ပညာစာသင်ကျောင်း ၁၉ ကျောင်း ပိတ်ထားရကြောင်း ဟင်္သာတခရိုင် ပညာရေးမှူးရုံးထံမှ သိရသည်။
18-Aug-2017 tagged as ရေကြီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာတွင် ဥရုချောင်း ရေမြင့်တက်ခဲ့ပြီး ကျေးရွာအတွင်းရှိ တိုက်နယ်ဆေးရုံတွင် ရေဝင်ရောက်ခဲ့ရာ လူနာများကို ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် စီစဉ်ထားကြောင်း နမ့်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေဝင်းက ပြောကြားသည်။