News

POST TAGGED AS

ရှေ့နေ

တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ သမက်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးက ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်သွင်းလိုက်သည်။
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် တရားလွှတ်တော်ရှေ့နေတစ်ဦး လာဘ်ငွေနှင့် လက်ဆောင်ပစ္စည်းယူသည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ဩဂုတ်လ ၁၄ ရက်တွင် အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်သည်။
“အာမခံမရတော့ လက်ကုန်လုပ်လိုက်ရင် စွပ်စွဲခံထားရတဲ့ သတင်းထောက်တွေကို ညှာရပါတယ်”
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် NLD ပါတီမှ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန် စေခိုင်းသူမှာ အောင်ဝင်းဇော် မဟုတ်ကြောင်းနှင့် အုတ်ခဲဖြင့်ထု၍ ၎င်းကိုဖမ်းဆီးခဲ့သူ အငှားယာဉ်မောင်း ကိုနေဝင်းကိုလည်း ၎င်းက သေနတ်နှင့် ပစ်သတ်ခဲ့ခြင်း မရှိကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားခံအဖြစ် စစ်ဆေးခံရသူ ကြည်လင်းက ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် တရားရုံးတွင် ရှေ့နေအယောင်ဆောင်ပြီး အမှုများ လိုက်ပါဆောင်ရွက်သည့် အမျိုးသားတစ်ဦးကို ဇွန်လ ၁၈ ရက်နေ့က ယင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒေါ်နယ်ထရမ့်၏ ကိုယ်ရေးကိုယ်တာရှေ့နေ မိုက်ကယ်ကိုဟင်သည် သမ္မတထရမ့်နှင့် ယူကရိန်းသမ္မတအကြား ဆွေးနွေးပွဲများ စီစဉ်ပေးရန်အတွက် ယူကရိန်းထံမှ အနည်းဆုံး ဒေါ်လာ ၄၀၀,၀၀၀ လက်ခံခဲ့သည်ဟု ကိဗ်မှ သတင်းများအရ သိရှိရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
18-May-2018 tagged as မန္တလေး ရှေ့နေ
မတ္တရာမြို့နယ် တရားသူကြီးကို ဖိနပ်နှင့်ပစ်ပေါက်ခဲ့မှုဖြင့် အမှုရင်ဆိုင်နေရသော ရှေ့နေဦးဇော်ဝင်းကို မိတ္ထီလာတရားရုံး၌ မေလ ၁၇ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း ကျန်းမာရေးမကောင်းသောကြောင့် မစစ်ဆေးရန်တောင်းဆိုခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် တရားရုံးဆိုင်းဘုတ်ကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့မှုကြောင့် တရားရုံးမထီမဲ့မြင်ပြုမှု အပါအဝင် အမှုငါးခု ရင်ဆိုင်နေရသူ ရှေ့နေဦးဇော်ဝင်း ဧပြီလ ၂၅ ရက်နေ့က တရားခွင်အတွင်း မူးလဲခဲ့သည့်အတွက် အမှုစစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ပုဒ်မ သုံးခုခွဲ၍ တရားစွဲဆိုမှုမှာ ဥပဒေနှင့် ဆန့်ကျင်နေကြောင်း ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများက ပြောကြားသည်။
မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် ကန်ပတ်လမ်းရှိ ပန်းလေပြေဝန်ဇင်းဟိုတယ်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်မှ ဝန်ထမ်းသုံးဦးကို ရှေ့နေတစ်ဦးက ဇန်နဝါရီလ ၁၄ ရက်နေ့ညက ဓားဖြင့်ထိုးခုတ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။