News

POST TAGGED AS

ရွေးကောက်ပွဲ

လာရောက်စစ်ဆေးတဲ့လူကြီးနဲ့ နောက်တော်ပါတွေကို ဧည့်ခံကျွေးမွေးပြီး လက်ဆောင်ပဏ္ဏာပေးရတာတွေ၊ ကြီးကျယ်ခမ်းနားတဲ့မဏ္ဍပ်နဲ့ မုခ်ဦးကြီးတွေဆောက်၊ မိုးပျံပူဖောင်းများစွာ လွှတ်တင်ပြီး ဖဲကြိုးဖြတ်ကြတာတွေ၊ ကုမ္ပဏီနဲ့ NGO တွေက ပြုလုပ်တဲ့ပွဲတွေ၊ အခမ်းအနားတွေတက်၊ စားကြသောက်ကြပြီး လက်ဆောင်ပေးတာတွေ လက်ခံယူကြတာတွေကို လျှော့ချဖို့အချိန်တန်ပါပြီ။
ကတ်တလိုးနီးယားဒေသန္တရ လွှတ်တော်ရွေးကောက်ပွဲများတွင် ခွဲထွက်ရေး လိုလားသောပါတီများ အောင်ပွဲခံခဲ့ပြီးနောက် ခွဲထွက်ရေးလှုပ်ရှားမှုကို ပြန်မစရန် စပိန်ဝန်ကြီးချုပ်က သတိပေးလိုက်သည်ဟု Finantial Times သတင်းတွင် ဖော်ပြထားသည်။
06-Dec-2017 tagged as ရွေးကောက်ပွဲ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်များသည် ဘက်လိုက်မှုရှိကြောင်း ပြောဆိုခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို ပြန်လည် ဖြေရှင်းရန် ဆင့်ခေါ်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူများက နိုဝင်ဘာလ ၂၃ ရက်က ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အခြေခံဥပဒေ ပြောင်းလဲရေးနှင့် လုံခြုံရေး ပြဿနာများကို အကြောင်းပြကာ အကြိမ်ကြိမ် အချိန်ဆွဲ ရွှေ့ဆိုင်းခဲ့သော အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၈ နိုဝင်ဘာလတွင် ကျင်းပပေးမည်ဟု စစ်အစိုးရက ပြောကြားလိုက်ကြောင်း Aljazeera သတင်းတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စည်ပင်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ မူကြမ်းကို ရေးဆွဲလျက်ရှိရာ ယခုနှစ် နိုဝင်ဘာလတွင် ရေးဆွဲမှု ပြီးစီးမည်ဖြစ်သဖြင့် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ကျင်းပနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။
ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်နှစ်ဦးသည် မဲဆွယ်မှု နောက်ဆုံးအပတ် စတင်ချိန်တွင် အပြန်အလှန် စွပ်စွဲ၊ ထိုးနှက်ခဲ့ကြသည်ဟု BBC သတင်းက ဖော်ပြသည်။
လက်ရှိ အစိုးရ လက်ထက်တွင် စည်ပင်သာယာ ရွေးကောက်ပွဲများ ကျင်းပမှု အားနည်းသည့်အပေါ် အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်ပြောကြားခဲ့သည်။
07-Mar-2017 tagged as ရွေးကောက်ပွဲ
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာ၌ အချို့မဲဆန္ဒနယ်များ၏ အခြေအနေအရ သိကြားမင်း ဆင်းကောက်လျှင်ပင် မဲစာရင်း အမှန်မရနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက မတ်လ ၇ ရက်နေ့တွင် ပြောဆိုလိုက်သည်။