News

POST TAGGED AS

ရွေးကောက်ပွဲ

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုသည် အထွေထွေရွေးကောက်ပွဲကို သမ္မတရွေးကောက်ပွဲနှင့် တစ်ရက်တည်း ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပရန် အချိန်စောခေါ်ယူခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
တတိယသက်တမ်း ရွေးကောက်ပွဲနိုင်ရန် ကြိုးပမ်းနေသော ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ဒုက္ခသည်များကို ကူညီပေးနေသည့် NGO များကို အခွန်ကြီးလေးစွာ ကောက်ခံသွားမည်ဟု ကတိပြုခဲ့ကြောင်း DW သတင်းက ဖော်ပြသည်။
“ကျွန်တော်တို့က ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှု အများဆုံး ရထားတဲ့ပါတီ။ ရခိုင်လူထုရဲ့ခံစားချက်ကို ကျွန်တော်တို့သိတယ်။ ဒီလို နေရာပြန်ချထားတဲ့ကိစ္စ၊ ဖွံ့ဖြိုးရေး ဆောင်ရွက်တဲ့ကိစ္စတွေမှာ ကျွန်တော်တို့ပါတီနဲ့ တိုင်ပင်သင့်တယ်။ ဘင်္ဂါလီတွေကို နေရာပြန်ချတဲ့နေရာမှာ ရခိုင်တွေရဲ့လုံခြုံရေး စိုးရိမ်စရာတွေရှိနေတယ်”ဟု ပြောသည်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ပါ့ခ်လန်းမြို့ စာသင်ကျောင်းတွင် လူ ၁၇ ဦးသေဆုံးစေခဲ့သော သေနတ်ပစ်ခတ်မှုကြီးနှင့်ပတ်သက်၍ အမေရိကန် အက်ဖ်ဘီအိုင် (FBI) အဖွဲ့ကို သမ္မတဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်တွင် ပြည်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရွေးကောက်ပွဲ မကျင်းပရသေးဘဲ နှောင့်နှေးကြန့်ကြာနေခြင်းအပါအဝင် ရွေးကောက်ပွဲပြုလုပ်မရရန် ဖိအားပေးခံနေရမှုများကို ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသူ၊ ကျောင်းသားများက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲကျင်းပကာ ရှင်းလင်းခဲ့သည်။
စီစဉ်ထားသည့်အတိုင်း ဇူလိုင်လလယ်တွင် သမ္မတရွေးပွဲများ ကျင်းပရန်အတွက် ဖြစ်နိုင်သမျှအရာရာကို လုပ်ဆောင်ရန် မာလီအစိုးရကို ကုလငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့အကြီးအကဲက တိုက်တွန်းလိုက်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။
21-Jan-2018 tagged as ရွေးကောက်ပွဲ
ဟွန်ဒူးရက်စ်တွင် နိုဝင်ဘာလသမ္မတ ရွေးကောက်ပွဲရလဒ်ကို အငြင်းပွားနေကြသော ဆန္ဒပြသူများနှင့် လုံထိန်းတပ်ဖွဲ့များ ပဋိပက္ခဖြစ်ပွားပြီး ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အထောက်အကူဖြစ်စေရန် အမျိုးသမီးကော်မတီအဖွဲ့များ စတင်ဖွဲ့စည်းနေပြီဟု အဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီအဖွဲ့ထံမှ သိရသည်။
နာမည်ကျော် ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေးသည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ရန် စိတ်ဝင်တစား တွေးခေါ်တွက်ချက်နေကြောင်း ဝင်းဖရေးနှင့်ရင်းနှီးသော မိတ်ဆွေနှစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြသည်။
မန္တလေးတိုင်းအတွင်း မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းခဲ့ခြင်းမရှိကြောင်း မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲများမှ ဖယ်ရှားခံခဲ့ရသူအချို့က ဝေဖန်ပြောကြားသည်။