News

POST TAGGED AS

ရွေးကောက်ပွဲ

ကမ္ဘောဒီးယားနိုင်ငံတွင် တနင်္ဂနွေနေ့ကကျင်းပသော အထွေထွေရွေးကောက်ပွဲ၌ ဝန်ကြီးချုပ် ဟွန်ဆန်၏ အာဏာရကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) နှင့်အပြိုင် ယှဉ်ပြိုင်မည့်ပါတီပေါင်း ၂၀ ခန့် ရှိခဲ့သော်လည်း ယင်းအနက် ပင်မအတိုက်အခံပါတီ မပါဝင်သည့်ကိစ္စကြောင့် ယင်းရွေးကောက်ပွဲမှာ အနှစ်သာရကင်းမဲ့သည့် သဘောမျိုးဖြစ်နေကြောင်း ဝေဖန်ရေးဆရာများ၏ ပြောကြားချက်ကိုသတင်း မီဒီယာများက ကိုးကားဖော်ပြသည်။
ပါကစ္စတန်နိုင်ငံတွင် ခရစ်ကက် ကစားသမားဟောင်း အီမာခန်းထံ အာဏာဆောင်ကြဉ်းပေးမည့် ဗုဒ္ဓဟူးနေ့ကရွေး ကောက်ပွဲရလဒ်များကို ပြိုင်ဘက်နိုင်ငံရေး ပါတီတစ်စုက ပယ်ချလိုက်ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ပါကစ္စတန်ရွေးကောက်ပွဲ ကနဦးမဲရလဒ်များအရ နာမည်ကျော် ခရစ်ကတ် ကစားသမားဟောင်း အီမရန်ခန်း၏ PTI ပါတီက ဦးဆောင်နေပြီးခန်းသည် ဝန်ကြီးချုပ်ဖြစ်လာနိုင်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ရှစ်လေးလုံး ပြည်သူ့ပါတီအမည်နှင့် အလံ၊ တံဆိပ်တို့ကို ပြန်လည်ပြင်ဆင်ရန် ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာအပေါ် နိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေး ကော်မတီခေါင်းဆောင် ဦးကိုကိုကြီးက သတင်းစာရှင်းလင်းခဲ့သည်။
ဦးကိုကိုကြီး ဦးဆောင်သော ရှစ်လေးလုံး ပြည်သူ့ပါတီ၏ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ကန့်ကွက်မှုများရှိသဖြင့် ပါတီအမည်၊ အလံ၊ တံဆိပ်တို့အား ပြန်လည်ပြင်ဆင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်းပါတီ ဖြစ်မြောက်ရေးအဖွဲ့ထံ အကြောင်းကြားထားကြောင်း ကော်မရှင်ပြောခွင့်ရသူ ဦးမြင့်နိုင်က ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဇွန်လ ၁၄ ရက်တွင် နေပြည်တော်၌တွေ့ဆုံရန် ကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ဖိတ်စာပို့ထားကြောင်း ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် ရွေးကောက်ပွဲရှုံးမည်ကို ကြိုသိလျက်နှင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း ယခင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့သူ ဦးစိုးသိန်းက ပြောကြားသည်။
31-May-2018 tagged as ရွေးကောက်ပွဲ
လက်ရှိအစိုးရအနေနှင့် အဂတိလိုက်စားမှုများကို ထိရောက်စွာ ဖော်ထုတ်၊ အရေးယူနိုင်ပါလျှင် ပြည်သူလူထု၏ အားပေးထောက်ခံမှုများ အလိုအလျောက် ရလာနိုင်စရာ ရှိသည်။ ထို့အပြင် ထိုသို့ အရေးယူဆောင်ရွက်ခြင်းသည် ရွေးကောက်ပွဲမတိုင်မီ ပြည်သူလူထုကို ပေးအပ်ထားသော ကတိကဝတ်များ လက်တွေ့ အကောင်အထည်ဖော်ပေးသည့် သဘောလည်းဆောင်သည်။
မိမိတို့နိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုသည် အစိုးရအဆက်ဆက်မှသည် ယနေ့ အရပ်သားအစိုးရစစ်စစ် လက်ထက်အချိန်ထိ ကင်ဆာသဖွယ် နာတာရှည် အမြစ်တွယ်လျက် ရှိသည်။ အချို့ဌာနတွေက အရင်အတိုင်း မျက်ကန်းတစ္ဆေမကြောက် ရဲတင်းစွာ လုပ်ဆောင်နေသေးသည်။ အချို့က ကျည်ကွယ်မျက်ကွယ်ကနေ မသိမသာ ခေါက်ရိုးကျိုး ပုံမပျက် လုပ်ဆောင်နေတာလည်း ရှိသည်။
23-May-2018 tagged as ရွေးကောက်ပွဲ
ဇင်ဘာဘွေနိုင်ငံသည် ဓနသဟာယအဖွဲ့သို့ ပြန်လည်ဝင်ရောက်ရန် လျှောက်ထားလိုက်ပြီးအထွေထွေ ရွေးကောက်ပွဲများသို့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူများလာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။