News

POST TAGGED AS

ရေကြောင်းခရီးစဉ်

ဗန်းမော်ရှိ ရောဘတ်စစ်ရှောင်သူများ စာရင်းကောက်မှတ်တမ်းတင်မှု လက်မခံ
ဗန်းမော်၊ ဇွန် ၂၀ 

ဗန်းမော်မြို့ရှိ စစ်ရှောင်စခန်းများတွင် အိမ်ထောင်စုအလိုက် ဓာတ်ပုံမှတ်တမ်းတင်ကာ စာရင်းကောက်ယူရာတွင် ရောဘတ်စစ်ရှောင်စခန်းတွင် နေထိုင်သူများက လက်မခံကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က ပြောသည်။ 

စစ်ဘေးရှောင်သူများကို လူဦးရေစာရင်း ကောက်ယူရာတွင် အေဒီ၂၀၀၀ စစ်ရှောင်စခန်း၊ ဖန်းခါးကုန်း၊ ထွယ်ဆန်၊ ရိုးကြီး၊ လီဆူစစ်ရှောင်စခန်းများက ဓာတ်ပုံမှတ်တမ်းတင်မှု၊ အိမ်ထောင်စုစာရင်း ပြုစုခြင်းကို လုပ်ဆောင်နိုင်ခဲ့ပြီး ရောဘတ် စစ်ရှောင်စခန်းနေသူများကို လူဦးရေ စာရင်းကောက်မရကြောင်း ၎င်းက ရှင်းပြသည်။ 

“ကျွန်တော်တို့လုပ်နေတာက မှတ်ပုံတင်ရေးအတွက်သာလုပ်နေတာကို သူတို့အနေနဲ့ စခန်းကနှင်ထုတ်မယ် သူတို့ရိက္ခာတွေ ဖြတ်တောက်မယ်ဆိုတာမျိုးယူဆပြီး လက်မခံတာလို့ထင်တယ်”ဟု ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က ပြောသည်။ 

စာရင်းကောက်ယူမှုကို ရောဘတ် စစ်ရှောင်စခန်းနေသူများက လက်မခံရခြင်းမှာ မိမိတို့၏နေရာနှင့် ရပ်ရွာကိုသာ နေထိုင်လိုပြီး အခြားနေရာသို့ ပြောင်းရွှေ့ခိုင်းမည်ကို စိုးရိမ်သဖြင့် ငြင်းဆန်ရခြင်းဖြစ်ကြောင်း၊ စစ်ရှောင်စခန်းများကို လူဦးရေကောက်ယူမှုနှင့် ပတ်သက်၍ KBC ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်အဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပေးပို့ကာ မေးမြန်းထားကြောင်း ရောဘတ်စစ်ရှောင်စခန်းမှ တာဝန်ခံဦးတန်ဂွမ်းက ပြောသည်။ 

လတ်တလောတွင် စစ်ရှောင်စခန်းများသို့ ကွင်းဆင်းစာရင်းကောက်ယူမှု ရပ်နားထားပြီး လျှောက်ထားသူကိုသာ မှတ်တမ်းတင်ပေးကြောင်း၊ ဗန်းမော်မြို့နယ်တွင် စစ်ရှောင်စခန်း ၈ ခုရှိပြီး လူဦးရေ ၇၁၀၀ ကျော်နေထိုင်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထံမှ သိရသည်။ 

R-14



FOLLOW US