News

POST TAGGED AS

ရေဘေး

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့စစ်တောင်းမြစ်နှင့် ရွှေကျင်ချောင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေပြီး ဆက်သွယ်ရန်ခက်သည့် ကျေးလက်ဒေသများကို ဦးစားပေးဖြန့်ဝေပေးနေသဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးရှောင်များအတွက် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေကြောင်း ရွှေကျင်မြို့ခံ ဦးအောင်မိုးက ပြောကြားသည်။
ကရင်ပြည်နယ် ဘားအံ၊ မြဝတီ၊ ကော့ကရိတ်နှင့် လှိုင်းဘွဲ့မြို့များမှ ရေဘေးသင့်သူ ၇၀၀၀ ခန့်ကို ထောက်ပံ့ကြေး ကျပ်သိန်း ၁၆၀ ကျော် အပါအဝင် တစ်ပတ်စာ အစားအသောက်များကို ပေးအပ်ထားကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
02-Jul-2018 tagged as ရေဘေး ဆေးဝါး
ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတစ်ဝန်း လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေဘေးသင့်ဒေသများသို့ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန်သုံး ဆေးဝါးများ ဖြန့်ဖြူးပေးရန် ကျပ်သန်း ၂၈၀ လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရ ကူညီပေးမည်ဟု ဇွန်လ ၂၂ ရက်က ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
18-Jun-2018 tagged as ရေဘေး Disaster
လုံလောက်ထိရောက်သော ကူညီကယ်ဆယ်မှုများ အလျင်အမြန် မပေးနိုင်ခြင်း၊ အချိန်ဆိုင်း၊ တုံ့နှေးခြင်း၊ လေးလေးနက်နက် ထားသည့်သဘော သက်ရောက်စေမည့် အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးခေါ်ယူကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စီမံမှု မရှိခြင်းတို့ ရှိလာပါက အစိုးရအုပ်ချုပ်ရေးယန္တရား၏ ခေါက်ရိုးကျိုးနေသော ဖြစ်ရိုးဖြစ်စဉ်ဟုမမြင်ဘဲ အာဏာရပါတီကို အာခံဆန့်ကျင်သည့်ဒေသကို တမင်လျစ်လျူရှုထားသည်ဟု အမြင်စောင်းသွားနိုင်ကြောင်း
မန္တလေးတိုင်း သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့အနေနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် မကွေးတိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
23-Jul-2017 tagged as ရေဘေး
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အနေနှင့် အစိုးရ၏ ရေဘေးတုံ့ပြန် ဆောင်ရွက်ရေးတွင် လိုအပ်သော အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (UN-OCHA)က ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရေကြီးနေသည့် ကျိုက်ထိုမြို့ပေါ် ရပ်ကွက်အချို့တွင် ဇူလိုင်လ ၂၂ ရက်က ရေပြန်ကျသွားသော်လည်း ဒေသခံ ၃၆၀၀ ကျော် ယာယီ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း ရေဘေး အကူအညီပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။
03-Apr-2017 tagged as ရေဘေး
ကိုလံဘီယာနိုင်ငံ မိုကိုအာမြို့တွင် ဧပြီလ ၁ ရက်နေ့ကူးစ သန်းခေါင်ကျော် အချိန်တွင် ရွှံ့မြေပြို ရေလွှမ်းမိုးမှုကြောင့် နေအိမ်များအတွင်းသို့ ရေများ ဒလဟော ဝင်ရောက်လာပြီး အမှိုက်သရိုက်များပါ စီးဝင်လာခဲ့ရာ လူ ၂၅၄ ဦး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သလို ဒေသခံအများ အပြားမှာ အိပ်ရာဝင် ဝတ်စုံများနှင့်ပင် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
23-Aug-2016 tagged as ရေဘေး
“ရေနစ်မြုပ်နေတဲ့အချိန်မှာ တိရစ္ဆာန်တွေအတွက်အစားအစာလိုအပ်ချက်ရှိနေတယ်။ အထောက်အပံ့တွေရှိပေမယ့်နည်းနေသေးတယ်။ ဒါ့အပြင်တကယ်လိုအပ်ချက်ရှိတဲ့နေရာတွေရောက်ဖို့ကလည်း အဓိကစိန်ခေါ်မှုဖြစ်နေတဲ့အပြင် ဒေသခံအများစုရဲ့စားဝတ်နေရေးက သူတို့ရဲ့တိရစ္ဆာန်တွေအပေါ်မှီခိုနေရတဲ့အတွက်အရေးကြီးတယ်”