News

POST TAGGED AS

ရေဘေးသင့်

နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၀ ခုရှိ ရေဘေးသင့်သူများအတွက် ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ကူညီထောက်ပံ့မှုဆိုင်ရာ စရိတ်အဖြစ် ကျပ်သန်း ၈၀၀ သုံးစွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။
မြန်မာပြည်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်ခဲ့ကြသည့် ရေဘေးသင့်ပြည်သူများကိုကူညီနိုင်ရန် မန္တလေးနှင့် အနီးတစ်ဝိုက်ဒေသများမှ ပန်းချီဆရာများ စုပေါင်း၍ ကျုံးနံဘေးလူထုဧရိယာတွင် ပန်းချီရေးဆွဲကာ ရန်ပုံငွေရှာလျက်ရှိသည်။
မွန်ပြည်နယ် သထုံနှင့် ကျိုက်မရောမြို့နယ်တွင် ဩဂုတ်လ၁ရက်မှစ၍ ၄ ရက်အထိ ရေကြီးမှုကြောင့် လူလေးဦး သေဆုံးပြီး လူသုံးသောင်းကျော် ရေဘေးသင့်နေကြောင်း ယင်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အကြား အတ္ထရံမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၈၀ ကျော်တွင် ရေဝင်ရောက်နေပြီး ရေဘေးသင့်ဒေသခံ သောင်းချီရှိနေကြောင်း ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်က ပြောကြားသည်။