POST TAGGED AS

ရေအားလျှပ်စစ်

အကြမ်းဖက်ခံရမှု ဖြစ်စဉ်များကြောင့် ခေတ္တရပ်နားထားပြီး နယ်မြေ ပြန်လည် အေးချမ်းလာသဖြင့် ရခိုင်ပြည်နယ်၏ ပထမဆုံး ရသေ့တောင် ရေအား လျှပ်စစ်စီမံကိန်းကို နိုဝင်ဘာလ ဒုတိယပတ်တွင် ပြန်လည် စတင်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ထံမှ သိရသည်။
ကချင်ပြည်နယ်အရှေ့ခြမ်း တရုတ်-မြန်မာ နယ်စပ်အနီးရှိ ငေါ့ချမ်းခလွင်ပြင်ဒေသတွင် ရေကာတာ တည်ဆောက်မည့် အစီအစဉ်ကို ရပ်တန့်ပေးရန်နှင့် ရေကာတာစီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံ တိုင်းရင်းသားများက တောင်းဆိုလိုက်သည်။
မန္တ​လေးတိုင်း​ဒေသကြီး ရဲရွာ​ရေအားလျှပ်​စစ်​ဓာတ်​အား​ပေးစက်​ရုံ ရေ​လှောင်​တမံ၊ အမြင့်​ဆုံး​ ရေပမာဏကျော်လွန်ပြီး ရေလျှံကျနေသော်လည်း အန္တရာယ်ရှိသော အခြေအနေ မဟုတ်၍ မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများ စိုးရိမ်ရန်မလိုဟု ရဲရွာရေအားလျှပ်စစ်စက်ရုံ​ လုံခြုံရေးဌာန အရာရှိတစ်ဦးက ပြောကြားသည်။
သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး မည်သည်ကို ဦးစားပေးမည်နည်း။ သို့မဟုတ် နှစ်ခုလုံး ဘက်စုံဦးစားပေးနိုင်သည့် အခြေအနေများ မြန်မာတွင် ရှိနေပြီလား။ ဤသို့မဟုတ်လျှင် ရွေးချယ်ကြရပါလိမ့်မည်။ ဤပုံစံအတိုင်း အငြင်းပွားနေရုံဖြင့် မီးထိန်ထိန်လင်းလာမည် မဟုတ်ပါ။ အရင်းအမြစ်များအားလုံးကို ကန့်ကွက်၍မရ။ ကန့်ကွက်လျှင် လျှပ်စစ်မီးမရ၊ မီးမရလျှင် စီးပွားရေးမကောင်း။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်း၌ အမေရိကန် ဒေါ်လာ ၁၄ သန်းကျော် ရင်းနှီးမြှုပ်နှံမည်
မဟာဓာတ်အားလိုင်းရောက်သည့် နေရာများသို့ တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်ပေးရသောကြောင့် အစိုးရသည် နှစ်စဉ် အရှုံးပေါ်လျက် ရှိသည်။ အစိုးရက လျှပ်စစ်တစ်ယူနစ်ပေးတိုင်း ၂၃ ကျပ်ရှုံးသည်။ လက်ရှိဘဏ္ဍာနှစ်တွင် စုစုပေါင်း ကျပ် ၄၇၀ ဘီလီယံရှုံးသည်။ လာမည့်ဘဏ္ဍာ နှစ်တွင် အစိုးရက ၃၇၈ ဘီလီယံခန့် စိုက်ထုတ်ပေးရမည်ဖြစ်သည်။ ထိုငွေများ သည် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ့ဘဏ္ဍာ ငွေများ။
ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် စက်​တင်​ဘာ ၁၆ ရက်တွင် မြစ်ဆုံဒေသသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်
"NLD အစိုးရသစ် လက်ထက်မှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ စီမံကိန်းအခု ၂၀ ကို ရပ်ဆိုင်းထားခဲ့တယ်။ အဲဒီအထဲမှာ နောင်ဖ မန်တောင်း စီမံကိန်းလည်း အပါအဝင်ဖြစ်တယ်"