News

POST TAGGED AS

ရေလုပ်သား

သန်လျင်မြစ်ဝတွင် ငါးရှာရင်း ရေလုပ်သားတစ်ဦး လှော်တက်ဖြင့် ဦးခေါင်းကို ရိုက်ခံရပြီး မြစ်ထဲကျသေဆုံးသွားသည်ဟုဆိုကာ သေဆုံးသူ မိသားစုဝင်များက သန်လျင်မြို့မရဲစခန်းသို့ တိုင်ကြားထားသော်လည်း ရှစ်လအထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း သေဆုံးသူရေလုပ်သား၏ အမျိုးသမီးနှင့်မိသားစုဝင်များက ပြောကြားသည်။
ဧရာဝတီတိုင်းရှိ ရေလုပ်သားငယ် အစုအဖွဲ့များကို ကျပ်သိန်း ၄၀ အောက် အင်းများတွင် ကြမ်းခင်းဈေးဖြင့် လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး လေလံကြေးကို တိုးမြှင့်မည်မဟုတ်ကြောင်း ဧရာဝတီတိုင်း မွေးမြူရေး၊ စိုက်ပျိုးရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။
23-Apr-2018 tagged as ရေလုပ်သား
ရေလုပ်သားများ အလုပ်လက်မဲ့ မဖြစ်စေရေးအတွက် ၂၀၁၈ ခုနှစ် မြန်မာ့ပင်လယ်ပြင် ငါးမဖမ်းရကာလတွင် ကမ်းဝေးငါးဖမ်းရေယာဉ်အားလုံး၏ ၂၀ ရာခိုင်နှုန်းကို ငါးဖမ်းဆီးခွင့်ပြုလိုက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြင်စလူမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်ရှိ ပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၂၈ ရက်က ရေလုပ်သား ၂၆ ဦး လိုက်ပါလာသော ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်ကာ ၅ ဦး ပျောက်ဆုံးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
03-Oct-2017 tagged as ရေလုပ်သား
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ၊ အင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့် ချထားပေးရန် ကြန့်ကြာနေခြင်းကြောင့် အဆိုပါ အင်းများကို မှီခိုလုပ်ကိုင်စားသောက်နေကြသည့် ရေလုပ်သားငယ်များနှင့် မိသားစုဝင်များမှာ စားဝတ်နေရေး ကျပ်တည်းနေရကြောင်း ရေလုပ်သား မိသားစုများက ပြောကြားသည်။
23-May-2017 tagged as ရေလုပ်သား
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ မြို့အနီးရှိ မဒေးကျွန်း၌ တရုတ်ရေနံတင် သင်္ဘောများ ဝင်ထွက် သွားလာမှုကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်သဖြင့် မဒေးကျွန်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရန်ကုန်နှင့် မိုင် ၅၀ ကျော်ဝေးသော ဖျာပုံမြို့အနီး ပင်လယ်ဝတွင် ရှိသော ကျားဖောင်လုပ်ငန်းများတွင် လူခေါ်ပွဲစားများမှတစ်ဆင့် ရောင်းစားပြီး ကျွန်ပြုခံနေရသူ အများအပြား ရှိနေပြီး အာဟာရချို့တဲ့ကာ သေဆုံးရသူများလည်း ဒုနဲ့ဒေး ဖြစ်နေသည်။
29-Mar-2017 tagged as ရေလုပ်သား
အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံခဲ့ရသော မြန်မာရေလုပ်သား ၈၈ ဦးသည် ယနေ့ (မတ်လ ၂၉ ရက်) ညနေ ၅ နာရီခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
23-Dec-2016 tagged as ရေလုပ်သား ငါး
နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နယ်မြေတစ်ခု ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူ လေးပုံသုံးပုံဟာ ဝင်ငွေနည်းသူများ ဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ် အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ တစ်ရက် ဝင်ငွေ ၁ ဒသမ ၂၅ ဒေါ်လာအောက်သာ ရှိကြောင်း ဆင်းရဲမှုကို အဆုံးသတ်ခြင်း၊ အကူးအပြောင်း ကာလတွင် ကြီးပွားမှုကို မျှဝေခြင်းဆိုတဲ့ အစီရင်ခံစာက ဆိုပါတယ်။
အေပီသတင်းဌာန၏ ထုတ်ဖော်ရေးသားမှုဖြင့် နိုင်ငံတကာ အပါအဝင် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှား အစိုးရတို့ သိရှိသွားပြီး လူကုန်ကူးမှု သို့မဟုတ် ခေတ်သစ်လူသား ကျွန်ပြုသူများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ကာ ရွှေ့ပြောင်းရေလုပ်သားများကို နေရပ်ပြန်စေခဲ့ရာ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်သည်။