News

POST TAGGED AS

ရေယာဉ်

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းအနီး လှိုင်းထန်သောပင်လယ်ပြင်တွင် တိုးရစ်များလိုက်ပါလာသည့် ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ရာ လူပေါင်း ၃၃ ဦးသေဆုံးပြီး ၂၃ ဦးခန့် ပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်များ၏ပြောကြားချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။
ခရီးသည် ၇၃ ဦး သေဆုံးခဲ့ရသည့် ၂၀၁၆ ခုနှစ်က ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်မှုကို ဇွန်လ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တရားရုံး အမိန့်ချမှတ်လိုက်သည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ တိုဘာရေကန်တွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သော ဖယ်ရီရေယာဉ်တိမ်းမှောက်မှုကြောင့် လူပေါင်း ၂၀၀ နီးပါးခန့် သေဆုံးသွားသည်ဟု ယူဆရကြောင်း အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။
ဧရာဝတီတိုင်း၌ မိုးရာသီကာလအတွင်း ရေယာဉ်များ ညဘက်မမောင်းနှင်ရန် မေလ ၃၀ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် ရေယာဉ်လုပ်ငန်းရှင်များနှင့် ရေယာဉ်ပိုင်ရှင်များကို တိုင်းအစိုးရက တားမြစ်လိုက်ကြောင်း ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက The Voice သို့ပြောကြား သည်။
ရန်ကုန်လှိုင်မြစ်အတွင်းရှိ မြန်မာစက်မှုဆိပ်ကမ်း MIP အနီးတွင် ဆီတွဲတင် ရေယာဉ်နှင့်ကျောက်စရစ်တွဲရေယာဉ် နှစ်စင်း ဧပြီလ ၅ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က တိုက်မိ၍ ကျောက်စရစ်တွဲ ရေယာဉ်နစ်မြုပ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ပြည်တွင်းပြည်ပ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များကို မုတ်သုံရာသီဥတု ဆိုးရွားချိန်များတွင် လှိုင်းဒဏ် လေဒဏ် ခိုလှုံခွင့်ပြုသည့် နေရာများကို မတ်လ ၂၁ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထုတ်ပြန်လိုက်သည်။
19-Jan-2018 tagged as ရေယာဉ် မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်အလိုက် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီများကို အစိုးရဌာနဆိုင်ရာများဖြင့် ပါဝင်ဖွဲ့စည်းလျက်ရှိကြောင်း မုံရွာမြို့နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီထံမှ သိရသည်။
05-Jan-2018 tagged as ထိုင်း ရေယာဉ်
မြွေတော်ကျွန်း စစ်ဆေးရေးစခန်းရှေ့က မဖြတ်သည့် ပဲ့ချိတ်ရေယာဉ်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က စတင်ခံဝန်ထိုးခိုင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ရေယာဉ်ငယ်ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ကံထူးချောင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ယနေ့ (စက်တင်ဘာလ ၁၀ ရက်) မွန်းတည့် ၁၂ နာရီခန့်က “မျိုးသော်တာ” ကုန်တင်မော်တော်တစ်စီး နစ်မြုပ်ခဲ့ကြောင်း ကံထူးချောင်းကျေးရွာ ရွာသူ၊ ရွာသားများထံမှ သိရှိရသည်။
မြိတ်ကျွန်းစုရေပြင်တွင် သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကမ်းဝေးငါးဖမ်းရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ရေလုပ်သား ၂ ဦး သေဆုံးခဲ့ရကြောင်း မြိတ်မြို့မရဲစခန်းနှင့် ယင်းလှေပေါ်ပါ ရေလုပ်သားများထံမှ သိရသည်။