News

POST TAGGED AS

ရေနစ်သေဆုံးမှု

မုန်တိုင်ဆည်ရေထုတ်ပြွန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး
မိတ္ထီလာ၊ ဇူလိုင် ၁၈

မိတ္ထီလာမြို့နယ် မုန်တိုင်ဆည်တွင် ဇူလိုင်လ ၁၇ ရက်နေ့က ရေထုတ်ပြွန်အတွင်း၌ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြို့ခံ ရန်အောင်မြင်နာရေးကူညီမှုအသင်းထံမှ သိရသည်။

မိတ္ထီလာအမြန်လမ်း သီးကုန်းတိုးဂိတ်တွင်ဖွင့်ထားသော ရွှေညီကို စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်း သီဟစိုးနှင့်စန်းမင်းကိုကိုတို့ မုန်တိုင်ဆည် အရှေ့ဘက်ရှိ ရေထုတ်ပြွန်၏ အကျယ် ပေ ၄၀ ၊ အနက် ပေ ၂၀ ခန့်ရှိ ချောက်အတွင်း ရေဆင်းချိုးရာမှ သီဟစိုးရေနစ်ခဲ့ကြောင်း၊ စန်းမင်းကိုကိုက အနီးပတ်ဝန်းကျင်ရှိလူများအား အကူအညီတောင်းခံ၍ လိုက်လံရှာဖွေခဲ့ရာ ရေထုတ်မြောင်းအတွင်း ပြင်ပဒဏ်ရာများမတွေ့ရှိဘဲ သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။ 

“ကြက်ခြေနီက ကျွန်တော်တို့ကို အကူအညီလှမ်းတောင်းလို့ ရင်ခွဲရုံကို ပို့ပေးရတယ်။ ဒီကလေးက ရေထုတ်ပြွန် ချောက်ထဲကနေ ပြန်မထွက်လို့ သေသွားတာလို့သိရတယ်။ ပခုက္ကူနယ် ကံမဘက်ကနေ မိတ္ထီလာကို အလုပ်လာလုပ်တဲ့ ကလေးလို့သိရတယ်”ဟု ရန်အောင်မြင် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သီဟစိုးသေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ရဲအုပ်အောင်ဇော်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် အလည်ရွာရဲကင်းစခန်းက သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၈ ဖြင့် အမှုဖွင့်ပေးထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။

R-01



FOLLOW US