News

POST TAGGED AS

ရေနစ်သေဆုံးမှု

မိတ္ထီလာမြို့နယ် မုန်တိုင်ဆည်တွင် ဇူလိုင်လ ၁၇ ရက်နေ့က ရေထုတ်ပြွန်အတွင်း၌ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြို့ခံ ရန်အောင်မြင်နာရေးကူညီမှုအသင်းထံမှ သိရသည်။
ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်၊ ဗိုလ်ဥတ္တမလမ်းနှင့် (၁) လမ်းသွယ်ထောင့်ရှိ အလျားပေ ၂၃၀၊ အနံပေ ၂၀၀ ခန့်၊ ရေအနက် ၆ ပေခန့်ရှိ ရေကန်အတွင်းတွင် ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီခန့်က ကွမ်းယာသွားဝယ်သည့် ကလေးနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သုံးခွ-ခရမ်းကားလမ်းဘေး ရေမြောင်းတွင် ဇွန်လ ၄ ရက် နံနက် ၁၁ နာရီက ရေနစ်သေဆုံးနေသော ပထမတန်း ကျောင်းသားသုံးဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
လှိုင်သာယာမြို့နယ်၊ အလယ်ရွာမြေတိုင်း (၂၂)၊ စိန်ရတနာလမ်းရှိ မြေကွက်လပ်တစ်ခုတွင် မေလ ၂၇ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်က အရက်သေစာသောက်စားထားသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ကန်စွန်းရွက်ဆင်းခူရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်ရှိ သစ်ကွင်းအတွင်းတွင် မေလ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ကဏန်းလိုက်ကောက်သူ အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ရှိ ဧရာဝတီမြစ်လက်တက်အတွင်း မေလ ၂၄ ရက်နေ့က အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန် - ပုသိမ်ကားလမ်းဘေး၊ ဘုရင့်နောင်ပန်းခြံအတွင်းရှိ ရေကန်တစ်ခုတွင် မေလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က ရာသီဥတုပူအိုက်လွန်းသဖြင့် ရေကန်အတွင်းရေဆင်းချိုးသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ ခူးလီကျေးရွာရှိ တစ်သျှူးငှက်ပျောခြံခင်း တစ်ခုရှိ ငှက်ပျောခင်းများကို ရေသွင်းရန် တူးထားသောရေကန်တွင် မေလ ၂၃ ရက် မွန်းလွဲပိုင်းက ခိုးဝင်လာသော တရုတ်နိုင်ငံသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။