News

POST TAGGED AS

မှော်ဘီမြို့

မီးခိုးညှော်နံ့ကိစ္စဖြင့် စကားများရာမှ လူသတ်မှုဖြစ်
ရန်ကုန်၊ ဧပြီ ၂၈

မှော်ဘီမြို့နယ်၊ ကြက်ဖြူကန် ကျေးရွာတွင် ဧပြီလ ၂၇ ရက် ည ၇ နာရီဝန်းကျင်က ပလတ်စတစ်အိတ်များ မီးရှို့ရာမှ မီးခိုးညှော်နံ့ထွက်သည့် ကိစ္စနှင့်ပတ်သက်ပြီး စကားများရာမှ အသက် ၅၀ နှစ် အမျိုးသားတစ်ဦးကို သားအဖနှစ်ဦးက ဝိုင်းရိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သေဆုံးသူ အမျိုးသားမှာ ယင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ညက ၎င်း၏ အလုပ်သမား အမျိုးသားနှစ်ဦးနှင့်အတူ သုံးဘီးဆိုင်ကယ်ဖြင့် အုတ်တင်လာပြီး နေအိမ်သို့ မောင်းလာစဉ် ကြက်ဖြူကန် ပိုက်လုံးလမ်းတွင် ပလတ်စတစ်အိတ်များ မီးရှို့နေသည့် သားအဖနှစ်ဦးကို မီးခိုးညှော်သည့်ကိစ္စဖြင့် ၎င်းက သွားရောက်ပြောဆိုရာမှ နှစ်ဖက်စကားများ ရန်ဖြစ်ခဲ့ကြောင်း သိရသည်။

“ပြစ်မှုကျူးလွန်တဲ့ သားအဖနှစ်ယောက်က သူတို့နေအိမ်ရှေ့မှာ အမှိုက်တွေ မီးရှို့နေတာ။ ပလတ်စတစ် အိတ်တွေပါ မီးရှို့နေတော့ မီးခိုးညှော်နံ့တွေ ထွက်လာလို့ သေဆုံးသူ အမျိုးသားက မီးငြှိမ်းပေးဖို့ပြောရာက နှစ်ဖက်စကားများ ရန်ဖြစ်ကြတာ။ လူသတ်မှုကျူးလွန်တဲ့ သားအဖနှစ်ယောက်စလုံးကို ညတွင်းချင်း ဖမ်းမိထားပါတယ်”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ စကားများရန်ဖြစ်ချိန် အသက် ၂၂ နှစ် နှင်းမောင်က သေဆုံးသူအမျိုးသားကို တုတ်ဖြင့်ပြေးရိုက်ပြီး ၎င်း၏ ဖခင်ဖြစ်သူ အသက် ၆၄ နှစ် စိန်ရွှေ (ခ) ကုလားကြီးက သံထွန်ခြစ် အနှောင့်ဖြင့် ထပ်မံရိုက်နှက်လိုက်သောကြောင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယင်းအမှုမှ ဖမ်းဆီးထားသည့် သားအဖနှစ်ဦးကို မှော်ဘီမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03



FOLLOW US