News

POST TAGGED AS

မှော်ဘီမြို့

မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာရှိ ဦးကျောက်ခဲထမင်းဆိုင်တွင် လာရောက်စားသောက်သည့် အမျိုးသားတစ်ဦးက မှာယူထားသည့် ထမင်းစားပွဲ ချက်ချင်းမရောက်လာသဖြင့် အော်ဟစ်ဆဲဆိုခဲ့သောကြောင့် စားပွဲထိုးနှစ်ဦးက ၎င်းကို လုံးထွေးသတ်ပုတ်ပြီး ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
မှော်ဘီမြို့နယ်၊ အမှတ် (၄) လမ်းဘေး ဟမ်နီကယ် ဘီယာစက်ရုံအနီးရှိ အောင်ဇမ္ဗူထွန်းစေတီတွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲကို ဓားထောက်ခြိမ်းခြောက်ပြီး ရွှေဆွဲကြိုးနှင့် လက်ကိုင်ဖုန်းတစ်လုံးကို လုယူထွက်ပြေးသည့် ကိုးတန်းကျောင်းသားသုံးဦးကို ဆိုင်ကယ်ကယ်ရီမောင်းသူများက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ဇွန်လ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က သက်တော် ၆၄ နှစ်၊ ဝါတော် ၁၁ ဝါရှိ ဆရာတော်တစ်ပါး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
မှော်ဘီမြို့နယ်၊ ဖူးကြီးရေကန်အနီးရှိ ရေလွတ်တာဘောင်တစ်ခုပေါ်တွင် ဇွန်လ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က ဆေးစစ်ချက်တွင် ကာလသားရောဂါပိုးတွေ့ရှိသည်ဟုဆိုကာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး အဆိပ်သောက် သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန်-ပြည်လမ်း၊ မှော်ဘီမြို့ ပြည်လမ်းရှိ ဆတ်သွားတော ဘုန်းကြီးကျောင်းရှေ့တွင် ဇွန်လ ၄ ရက် နံနက် ၁ နာရီဝန်းကျင်က ထောက်ကြန့်မှ မှော်ဘီဘက်သို့ ပြည်လမ်းအတိုင်း မောင်းလာသော ဝန်ထမ်းကြိုပို့ ဟွန်ဒိုင်းယာဉ်နှင့် ကုန်စိမ်းထုပ်များ တင်ဆောင်မောင်းနှင်လာသော ဟိုင်းလတ်ယာဉ်တစ်စီးတို့ တိုက်မိခဲ့ရာ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။
မှော်ဘီမြို့နယ်၊ ကြက်ဖြူကန် ကျေးရွာတွင် ဧပြီလ ၂၇ ရက် ည ၇ နာရီဝန်းကျင်က ပလတ်စတစ်အိတ်များ မီးရှို့ရာမှ မီးခိုးညှော်နံ့ထွက်သည့် ကိစ္စနှင့်ပတ်သက်ပြီး စကားများရာမှ အသက် ၅၀ နှစ် အမျိုးသားတစ်ဦးကို သားအဖနှစ်ဦးက ဝိုင်းရိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။