News

POST TAGGED AS

မေးခွန်းပုံစံ

ဆယ်တန်းကျောင်းသားများကို ကျူရှင်အခမဲ့သင်ပေးမည်
ရန်ကုန်၊ ဇွန် ၂၇

တောင်ကြီးမြို့ပေါ်နှင့် မြို့နယ်အတွင်းမှ ကျူရှင်တက်ရန် ငွေကြေးအခက်အခဲရှိသော တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်စုံ အခမဲ့သင်ပေးမည်ဖြစ်ကြောင်း သင်တန်းဆရာဦးထက်အောင်က ပြောကြားသည်။

အဆိုပါသင်တန်းမှာ နာမည်ပေးထားခြင်းမရှိဘဲ တောင်ကြီးမြို့နယ်တွင်းရှိ ငွေကြေးအခက်အခဲရှိသူများအတွက် ရည်ရွယ်ဖွင့်လှစ်မည်ဖြစ်ပြီး ပြင်ပမှ စေတနာရှင်ဝန်ထမ်း ဆရာ၊ ဆရာမများက အခမဲ့သင်ကြားပေးမည်ဖြစ်သည်။

“အဓိက ကျူရှင်မတက်နိုင်တဲ့ ကျောင်းသားတွေကို ရည်ရွယ်တာပေါ့။ မနှစ်က ပိုက်ဆံမရှိလို့မဟုတ်ဘဲ ဒီတိုင်းလာတက်တဲ့သူတွေလည်းရှိတယ်။ ကျွန်တော့်အိမ်မှာပဲ သင်ရတာဖြစ်လို့ နေရာအခက်အခဲရှိတယ်။ ဒါကြောင့် ဒီနှစ်တော့ သူတို့ကို လက်ခံဖို့အစီအစဉ်မရှိတော့ဘူး” ဟု ဦးထက်အောင်က ဆိုသည်။

ဇူလိုင်လ ၁ ရက်စတင်မည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးကိုသာ လက်ခံမည်ဖြစ်ပြီး ဘာသာစုံအခမဲ့သင်တန်းတက်ရောက်လိုပါက ဖုန်း ဝ၉-၇၈၆၂၀၁၄၈၆ သို့ဖြစ်စေ၊ မဟာစားသောက်ဆိုင်သို့ဖြစ်စေ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း ဦးထက်အောင်က ထပ်လောင်းပြောဆိုသည်။ 

J-19



FOLLOW US