News

POST TAGGED AS

မော်တော်ယာဉ်

05-Feb-2018 tagged as မော်တော်ယာဉ်
ဓာတ်ငွေ့လို့ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံက လူတွေ အများစုက CNG (Compressed Natural Gas) ကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဂက်စ်တွေမှာ အိမ်သုံး ဂက်စ်မီးဖိုတွေမှာ သုံးတာက LPG လို့ခေါ်တဲ့ Liquefied Petroleum Gas ၊ သဘာဝဓာတ်ငွေ့ရည်လို့ခေါ်တဲ့ LNG (Liquefied Natural Gas) တွေနဲ့ တခြားဓာတ်ငွေ့တွေလည်း ပါတယ်။ ဒါတွေကတော့ လူသုံးများတဲ့ ဓာတ်ငွေ့အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီအထဲကမှ မြန်မာပြည်သူတွေ အသိများတဲ့ CNG အကြောင်းကို ဖော်ပြမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းရှိ မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်းတိုးရန် အွန်လိုင်းစနစ် (Online Booking System) ဖြင့် စာရင်းကြိုသွင်းသည့် ယာဉ်စီးရေ ၃၀၀ ရှိခဲ့ရာမှ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ယာဉ်စီးရေ ၆၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။
ပြီးခဲ့တဲ့အပတ်တုန်းကတော့ ဟိုက်ဘရစ်ကားတွေအကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီတစ်ပတ်အတွက်တော့ လျှပ်စစ်ယာဉ် (Electric Vehicle) တွေရဲ့အကြောင်းကို စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးပါမယ်။ လျှပ်စစ်ယာဉ်တွေကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးမပြုကြသေးပါဘူး။ ဒါက အခြေခံအဆောက်အဦ အားနည်းချက်တွေကြောင့် လည်း ဖြစ်ပါတယ်။ လျှပ်စစ်ယာဉ်လို့ ဆိုလိုက်တာနဲ့ မြန်မာပရိသတ်အနေနဲ့ Nissan Leaf လိုကားမျိုးနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းက မြို့တွင်းမြို့တွေမှာ ပြေးဆွဲခဲ့တဲ့ လျှပ်စစ်ရထားလေးကိုပဲ ပြေးမြင်မိကြမှာပါ။ တိုးတက်တဲ့ကမ္ဘာ့နိုင်ငံ အသီးသီးမှာတော့ လျှပ်စစ်ကားတွေ၊ ရထားတွေနဲ့ ယာဉ်အမျိုးမျိုး ထုတ်လုပ်စီးနင်းနေကြပါပြီ။ လျှပ်စစ်ယာဉ် (Electric Vehicle) တွေကို လျှပ်စစ်ဖြင့်မောင်းသည့် ယာဉ်(Electric Drive Vehicle) လို့လည်း ခေါ်ကြပါတယ်။ ဒီယာဉ်တွေမှာ လျှပ်စစ်မော်တာတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့မော်တာတွေနဲ့ တပ်ဆင်အသုံးပြုကြပါတယ်။ လျှပ်စစ်ယာဉ် (Electric Vehicles-EVs) တွေမှာ အဓိက သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ Hybrid Electric Vehicles (HEVs)၊ Plug-in Hybrid Electric Vehicles (PHEVs) နဲ့ Battery Electric Vehicles (BEVs) ဆိုပြီးရှိပါတယ်။
လုပ်ငန်းတွင် အသုံးပြုရန်ဟုဆိုကာ ငှားရမ်းထားပြီး စီးနင်းခြင်းမရှိဘဲ အခြားသူတစ်ဦးကို လွှဲပြောင်းထားသည်ဟုဆိုကာ အမေရိကန်နိုင်ငံသားတစ်ဦးကို ဇန်နဝါရီလ ၉ ရက် ည ၉ နာရီခန့်က ဗဟန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ရန်ကုန်တိုင်းရှိ ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းအတွက် အွန်လိုင်းစနစ်ဖြင့် (Online Booking System) ကြိုတင်ရက်ချိန်းယူခြင်းကို ဇန်နဝါရီလ ၂ ရက်က စတင်ဆောင်ရွက်ရာတွင် တစ်ရက်လျှင် စီးရေ ၄၀၀ ကျော်ထိ ရှိလာကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေး ကော်မတီရုံးတွင် ဇန်နဝါရီ ၉ ရက်မှစတင်ကာ ပုဂ္ဂလိကပိုင် မော်တော်ယာဉ် လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီအသစ်ကို ရွေးချယ်ခဲ့သည်။
07-Jan-2018 tagged as မော်တော်ယာဉ်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်ရှိ ငါးမာန်အောင် ဘုရားလမ်းဆုံတွင် ယနေ့ (ဇန်နဝါရီလ ၇ ရက်) နံနက် ၅ နာရီဝန်းကျင်က ဟွန်ဒါဖစ် ယာဉ်တစ်စီးမှာ အရှိန်လွန်ပြီး ငမိုးရိပ်ချောင်းထဲ ထိုးကျခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့တော်တွင် နေထိုင်ကြသော လွတ်လပ်ရေး မော်ကွန်းဝင်များအနေနှင့် တစ်သက်တာ အခမဲ့ဆေးကုသခွင့်နှင့် တစ်သက်တာ မော်တော်ယာဉ် အခမဲ့စီးနင်းခွင့် လက်မှတ်တို့ကို နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့တွင် ပိုင်ဆိုင်သွားခဲ့သည်။
မော်တော်ယာဉ်အရောင်းအဝယ် အေးစက်လာခြင်းနှင့်အတူ စလစ်အရောင်းအဝယ်လည်း အေးစက်ပြီး ဈေးနှုန်းများကျဆင်းကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် ဒီဇယ်နှင့် ဓာတ်ဆီ အသုံးပြုမှုအစား လာမည့်နှစ်အနည်းငယ်အတွင်း လျှပ်စစ်မော်တော်ကားများ ဓာတ်အားသွင်းနိုင်ရန်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင် ၅၀ တစ်ဖြတ်တွင် Solar Charging Station (နေရောင်ခြည်သုံး ဓာတ်အားဖြည့်ရန်နေရာ) များ တည်ဆောက်ရန် စီမံချက်များ ရေးဆွဲနေကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။