News

POST TAGGED AS

မော်တော်ယာဉ်

ဆိပ်ကမ်းမြို့နယ်၊ မိသားစုရပ်ကွက်၊ ပန်းဆိုးတန်းခုံးကျော်တံတားအနီး ကွန်ကရစ်လမ်းပေါ်တွင် ဇွန်လ ၂ ရက် ည ၁၁ နာရီခွဲခန့်က ကွန်တိန်နာယာဉ်တစ်စီး မီးလောင်ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လူစီးယာဉ်အဖြစ် ထုတ်လုပ်ထားသော Delivery Van များကို ပြည်တွင်းသို့ လုပ်ငန်းသုံးယာဉ်အဖြစ် ပြောင်းလဲတင်သွင်းလာသည့် ယာဉ်များ (အုပ်စု ဃ) ကို လူစီးအခွန်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ဆုံးဖြတ်လိုက်သည်။
ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ မအူပင်-ရေလဲ-ရွှေတောင်မှော်လမ်း ရေလဲရွာအနီး မိုင်တိုင်အမှတ် ၇/၁ တွင် မေလ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း တစ်နှစ်ကျော်ကြာ မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် တားမြစ်ထားသည့် သရပါတံခါးမှနေ၍ နှစ်တန်အောက်ကားများ ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ် မှန်၊ မမှန် စစ်ဆေးပေးခြင်းကို ယခုလမှစတင်ကာ ၅ ရက် ထပ်တိုးကာ စစ်ဆေးပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ လမ်းပေါင်း ၈၀ ကျော်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအနေနှင့် ဇွန်လ ၁ ရက်နေ့ကစ၍ တန်ပို တင်ဆောင်ခွင့် မပြုတော့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။
နှစ်စဉ် သင်္ကြန်ရုံးပိတ်ရက်များတွင် အစိုးရဝန်ထမ်းများ အချိန်မရွေးသွားလာနိုင်ရန် ယာဉ်လိုင်းများက ထားရှိပေးရမည့် ထိုင်ခုံချန်သည့်စနစ်ကို ယခုနှစ်မှစ၍ ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (အဝေးပြေး) YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သင်္ကြန်ကာလအတွင်း ကျိုင်းတုံ- တောင်ကြီး ပြေးဆွဲနေသည့် ယာဉ်လိုင်းများ အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များရှိ ယာဉ်လိုင်းများ ယာဉ်စီးခ ပိုတောင်းပါက အရေးယူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးလှစိုးက ပြောကြားသည်။
ကားတစ်စီးမှာ အရေးကြီးတဲ့ အရာတွေထဲက တစ်ခုဖြစ်တဲ့ Distributorless Ignition Systems (DIS) ဆိုတဲ့ မီးဖြန့်ဝေပေးတဲ့စနစ်အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ကားတစ်စီးမှာ မီးပေးတဲ့ စနစ်က ဘယ်လိုအလုပ်လုပ်ပုံ၊ ဘယ်လိုနည်းစနစ်တွေ ရှိပုံ၊ ဒီစနစ်ရဲ့ အားသာချက်၊ အားနည်းချက်တွေအပါအဝင် DIS စနစ် ဘယ်လိုအရေးပါလဲဆိုတာကို စာဖတ်ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါရစေ။
ရန်ကုန်တိုင်းအတွင်းရှိ YBS ယာဉ်လိုင်းများ၌ ပြေးဆွဲနေသည့် ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈ ခုနှစ်ထုတ် မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းများ မတ်လ ၃၁ ရက် နောက်ဆုံးမအပ်နှံပါက လူစီးစလစ်ထုတ်ပေးမည်မဟုတ်ဟု YRTA က ထပ်မံအသိပေးထားကြောင်း YBS ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။