News

POST TAGGED AS

မော်တော်ယာဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူပိုင် လမ်းနယ်နိမိတ်တွင် အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားခြင်း၊ စက်ပျက်ယာဉ်ပြုပြင်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်အထိ ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။
03-Jul-2018 tagged as မော်တော်ယာဉ်
ရန်ကုန်မြို့အတွင်း အနက်ရောင် စတစ်ကာ တပ်ဆင်မောင်းနှင်နေသည့် မော်တော်ယာဉ်များအနေနှင့် အနက်ရောင် ပါဝင်နှုန်း ခွင့်ပြုချက်ထက်ကျော်လွန်၍ တပ်ဆင်သည်ကို စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဥပဒေစိုးမိုးရေးမှာ ဘယ်အချိန် ဥပဒေစိုးမိုးမှု ရှိရမလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ဥပဒေစိုးမိုးရေး ဖြစ်ဖို့ရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေစိုးမိုးရေးလား၊ အချိန်တိုင်းအတွက် ဥပဒေစိုးမိုးရေးလား။ ဥပဒေစိုးမိုးရေးမှာ မျှတစွာကျင့်သုံးဖို့၊ မျှတစွာ လိုက်နာစေဖို့အတွက်လည်း တာဝန်ရှိပါတယ်။ ဒါမှသာလည်း ဥပဒေကို လိုက်နာသူများအတွက် တရားမျှတမှု ရှိပါလိမ့်မယ်။
တောင်ငူ နည်းပညာတက္ကသိုလ် ကျောင်းသားများ ပရဟိတအဖွဲ့ပိုင် လိုင်စင်မဲ့ အရေးပေါ် လူနာတင်ယာဉ်ကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က စည်းကမ်းဖောက်သည်ဟုဆိုပြီး ငွေကျပ်သုံးသောင်း တောင်းခံခဲ့သည့် ယာဉ်ထိန်းရဲတပ်ကြပ်ကြီးကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ စစ်ဆေးနေကြောင်း နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးရှိ စီးပွားဖြစ်ဆောင်ရွက်ရန် လုပ်ငန်းလိုင်စင်ရယူထားသော မော်တော်ယာဉ်များကို ယခုနှစ်ကုန်အထိသာ သက်တမ်းတိုးခွင့်ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနက အသိပေးထားချက် ထုတ်ပြန်ထားသည်။
ဂျာမနီ၏ ထိပ်တန်းမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Audi ၏ အမှုဆောင်အရာရှိချုပ်ကို ဒီဇယ်အင်ဂျင် မီးခိုးထုတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ရန်ကုန်တိုင်းအတွင်းရှိ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းမှ ကားများအားလုံး တစုတစည်းတည်းရောင်းချနိုင်မည့် မော်တော်ယာဉ် ရောင်းဝယ်ရေးဇုန် တည်ဆောက်ရန် မြေနေရာအလုံအလောက်ရှိကြောင်း မော်တော်ကားရောင်းဝယ်ရေး အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောကြားသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီးကျေးရွာ၊ အမှတ် (၂) လမ်း၊ သစ်တောရုံးရှေ့မှတ်တိုင်အနီးတွင် ဇွန်လ ၄ ရက် ညနေ ၅ နာရီခွဲခန့်က သီလရှင် ဆရာလေးများစီးနင်းလာသည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ဆရာလေးတစ်ပါး ပျံလွန်တော်မူခဲ့ပြီး ၅ ပါးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက အုပ်စု (ဂ) တွင် သတ်မှတ်ထားသည့် Delivery Van ယာဉ်များ၏ ဒဏ်ကြေးသတ်မှတ်ချက်ကို မကျေနပ်၍ ယင်းယာဉ်တင်သွင်းထားသူ ၁၀၀ ဦးခန့်က ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တင်ထားကြောင်း ၎င်းတို့ထံမှသိရသည်။
04-Jun-2018 tagged as မော်တော်ယာဉ်
မြန်မာနိုင်ငံထဲမှာက ခေတ်အဆက်ဆက် ဂျပန်ကထုတ်တဲ့ကားတွေ တော်တော်များများကိုပဲ တင်သွင်းစီးနင်းခဲ့သလို Hino၊ Mazda တို့ အပါအဝင် ဂျပန်ကားကုမ္ပဏီတွေ အမြောက်အမြား ပြည်တွင်းမှာလာရောက်ထုတ်လုပ်ခဲ့တဲ့အထိ ဂျပန်ကားတွေ မြန်မာနိုင်ငံမှာနေရာယူခဲ့ပါတယ်။