News

POST TAGGED AS

မော်တော်ယာဉ်

ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုတော့မည်ဆိုသည့် ထုတ်ပြန်ချက်တစ်ခု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းချုပ် (MAMDA) ထံမှ ထွက်ပေါ်လာပြီးနောက် ဂျပန်လေလံ မော်တော်ယာဉ် ဈေးနှုန်းများ ထိုးတက်သွားကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မော်လိုက်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် ယနေ့ (အောက်တိုဘာလ ၁၁ ရက်) နံနက် ၃ နာရီခန့်က ကားတစ်စီးဘရိတ်ပေါက် တိမ်းမှောက်ရာမှ ယာဉ်မောင်း အပါအဝင် လေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရကြောင်း စခန်းကြီးနယ်မြေရဲစခန်းထံမှ သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များထဲမှ ၁၉၉၆၊ ၁၉၉၇ ခုနှစ်ထုတ်မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းများကို အောက်တိုဘာ လဆန်းပိုင်းက အပ်နှံလဲလှယ်ခွင့် စတင်လက်ခံပြီဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
09-Oct-2017 tagged as မော်တော်ယာဉ်
လာမည့်နှစ် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ၌ ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်ဆိုသည့် ကြိုတင် ခန့်မှန်းမှုများကြောင့် မော်တော်ယာဉ် ဈေးကွက်အတွင်း ဂျပန်နိုင်ငံထုတ် ညာမောင်း လူစီးမော်တော်ယာဉ် တစ်စီးလျှင် ယခင်ထက် ကျပ် ၁၀ သိန်းခန့် ဈေးတက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
05-Oct-2017 tagged as မော်တော်ယာဉ်
...အထောက်အကူပစ္စည်းတွေ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ ဘယ်လောက်ပဲကောင်းကောင်း ယာဉ်မတော်တဆ ထိခိုက်မှု လျော့ကျစေနိုင်တဲ့ အချက်ကတော့ ယာဉ်မောင်းသူနဲ့ ခရီးသွားပြည်သူတွေ စည်းကမ်းလိုက်နာမှုအပေါ်မှာပဲ အခရာကျတာပေါ့။
မြန်မာနိုင်ငံ၌ ကုမ္ပဏီများကို တင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် လုပ်ငန်းသုံးကားများ ဂျပန်လေလံဈေး ကျဆင်းသော်လည်း လူစီးကား လေလံဈေးနှုန်းများမှာ မြင့်တက်ကြောင်း ဂျပန် လေလံဈေးကွက်အတွင်းမှ သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများ မော်တော်ယာဉ်မောင်းနှင်ခွင့် ကန့်သတ်ပိတ်ပင်ထားမှုကို ဆော်ဒီဘုရင် ဆော်လမန်က အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်ကာ ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
20-Sep-2017 tagged as မော်တော်ယာဉ်
မြန်မာနှင့်ဂျပန်တို့ ပူးပေါင်းအကောင် အထည်ဖော်လျက်ရှိသည့် သီလဝါအထူး စီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ၏ ထိပ်တန်း မော်တော်ယာဉ် ကုမ္ပဏီ တိုယိုတာက လာရောက် ရင်းနှီးမြှုပ်နှံ၍ စက်ရုံဆောက်ရန် ဆွေးနွေးမှုများရှိကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး ဆိုင်းလေရွာနှင့် စွပ်ပလောင်းရွာကြားတွင် ယနေ့(ဩဂုတ် ၁၂ ရက်) မွန်းလွဲ ၃ နာရီခန့်က ယာဉ်တစ်စီး ချောက်အတွင်း ထိုးကျခဲ့ကြောင်း မိုင်းဖြတ်မြို့မရဲစခန်းထံမှ သိရသည်။
22-Jul-2017 tagged as မော်တော်ယာဉ်
အမေရိကအခြေစိုက် Ford ကား ကုမ္ပဏီက မြန်မာနိုင်ငံရှိ Capital Automotive Limited (CAL) နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ယင်းကား အမှတ်တံဆိပ်များ စတင် တပ်ဆင်ထုတ်လုပ်နေပြီဖြစ်ကြောင်း Capital Motors Limited(CML) ကုမ္ပဏီထံမှ သိရသည်။