News

POST TAGGED AS

မော်လမြိုင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ သံလွင်ငါးဈေးကို ရပ်ကွက်နေ ပြည်သူလူထုတို့၏ ဆန္ဒအတိုင်း နေရာပြောင်းရွှေ့ရန် ပြည်နယ်အစိုးရက စီစဉ်လျက်ရှိသည်ဟု ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်သည့် ကျိုက်ထီးရိုး ဘုရားပေါ်တွင် ကြည်ညိုဖွယ်မဖြစ်ဘဲ အလှူခံနေသည့် ရဟန်း၊ ရသေ့၊ ကိုရင်၊ ယောဂီ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်တွင် စစ်ဆေးမေးမြန်း၍ သံဃာအချို့ကို လူဝတ်လဲစေခဲ့ကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
13-Oct-2017 tagged as မော်လမြိုင်
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်အနီး နေထိုင်သူ နှစ်ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဘုရားရင်ပြင်တော် ရဲကင်းမှ သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အောက်ပဲခူးစာသင်တိုက်တွင် အောက်တိုဘာလ ၈ ရက်က မွန်အမျိုးသား ပေါင်းစည်း ညီညွတ်ရေး လုပ်ဆောင်နေသည့် မွန်နိုင်ငံရေးပါတီများ၊ ညီညွတ်ရေး ညှိနှိုင်း ပေါင်းစည်းရေးအဖွဲ့၊ ရာမညအင်အားစုအဖွဲ့၊ မွန်လူငယ်များဖိုရမ်နှင့် မွန်အမျိုးသား ညီညွတ်ရေး အကျိုးဆောင်အဖွဲ့ ရာမည အင်အားစုအဖွဲ့ (၄) ဖွဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ်အတွင်းရှိ အစိုးရ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသားစာပေ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကို နေ့စားလပေးအဖြစ် တိုးမြှင့်ခန့်အပ်သွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
30-Sep-2017 tagged as မော်လမြိုင်
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကုန်စည်ဒိုင်ခန်းတွင် စက်တင်ဘာလ ၃၀ ရက်က လူငယ်လုပ်ငန်းရှင်များ စုပေါင်းကာ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (မွန်ပြည်နယ်)ကို ဖွဲ့စည်းခဲ့သည်။
28-Sep-2017 tagged as မော်လမြိုင်
မွန်ပြည်နယ်ရှိ ရှေးဟောင်းအဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန်အတွက် မော်လမြိုင်မြို့တွင် မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ကို ယခုနှစ်မကုန်ခင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမှိုက်မီးရှို့စက်ရုံ တည်ဆောက်ရန် ပြည်နယ်အစိုးရအဖွဲ့က စီစဉ်လျက်ရှိသည်ဟု မွန်ပြည်နယ် အစိုးရထံမှ သိရသည်။
19-Sep-2017 tagged as မော်လမြိုင်
မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဘတ်ဂျက် စိစစ်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မော်လမြိုင်မြို့နယ် ငွေမိုးဟိုတယ်တွင် စက်တင်ဘာလ ၁၉ ရက်က ကျင်းပခဲ့သည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ကျောက်မီးသွေးသုံးပြီး လည် ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ Mawlamyine Cement Ltd. (MCL) အနီးဝန်းကျင်တွင် နေထိုင်နေကြသည့် ဒေသခံများ သောက်ရေ သုံးရေနှင့်ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။