News

POST TAGGED AS

မော်လမြိုင်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဗဟိုကော်မတီ၏ အရေးပေါ် အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ ၂၆ ရက်အထိ ခေါ်ယူလျက်ရှိကြောင်း မွန်ပြည်သစ် ပါတီထံမှ သိရသည်။
မွန်ပြည်နယ်တွင် ထွက်ရှိမည့် ရော်ဘာတန်ချိန် ၅ သောင်း ရောင်းချရန် မွန်ပြည်နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းနှင့် စင်္ကာပူနိုင်ငံ Hinthar Agri တို့ နိုဝင်ဘာလ ၁၄ ရက်က နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သည်။
04-Nov-2017 tagged as မော်လမြိုင်
မွန်နိုင်ငံရေးပါတီ နှစ်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP)တို့ နိုဝင်ဘာ ၈ ရက်တွင် တွေ့ဆုံကြမည်ဟု နှစ်ပါတီ ခေါင်းဆောင်များထံမှ သိရသည်။
04-Nov-2017 tagged as မော်လမြိုင်
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ပထမနှစ်ခြင်း အသင်းတော် ဘုရားကျောင်း (First Baptist Church) ကို ရှေးမူမပျက် ပြုပြင်လျက်ရှိသည်ဟု ဘုရားကျောင်း သင်းအုပ်ဆရာတော်ထံမှ သိရသည်။
31-Oct-2017 tagged as မော်လမြိုင်
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အောင်ကန်သာကျေးရွာတွင် ငါးလုပ်ငန်း စုပေါင်း စီမံခန့်ခွဲရေးဇုန်အဖြစ် ပထမဆုံး သတ်မှတ်မည်ဖြစ်ရာ ဇုန်သတ်မှတ်ချက်ကို လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အသိအမှတ်ပြု အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း မုတ္တမပင်လယ်ကွေ့ဒေသ ရပ်ရွာအခြေပြု ကမ်းရိုးတန်း စီမံခန့်ခွဲမှု စီမံချက်အဖွဲ့ထံမှ သိရသည်။
27-Oct-2017 tagged as မော်လမြိုင်
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် ပါတီဝင် ၇ ဦးတို့က ပါတီမှ နုတ်ထွက်စာ တင်ထားကြောင်း ပါတီတာဝန်ရှိသူထံမှ သိရသည်။
27-Oct-2017 tagged as မော်လမြိုင်
မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ မော်လမြိုင်မြို့နယ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် ပါတီဝင် ခုနစ်ဦးတို့က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပါတီမှ နုတ်ထွက်ရန် ပါတီဗဟိုရုံးသို့ နုတ်ထွက်စာ ပေးပို့ထားကြောင်း ပါတီမှ နုတ်ထွက်မည့် မြို့နယ် အတွင်းရေးမှူး နိုင်အောင်သန်းက ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ရောင်းချလျက်ရှိသည့် အရက်ရောင်းဆိုင်များအနက်မှ လိုင်စင်စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သည့် ဆိုင် ၅၄ ဆိုင်ကို အရေးယူထားသည်ဟု မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိသည့် ရတနာဘုံမြင့် ဘုန်းကြီးကျောင်း ပြုပြင်ထိန်းသိမ်းမည့် အစီအစဉ်ကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
မွန်ပြည်နယ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်တစ်ခုလုံးတွင် ကောက်ခံထားသည့် အခွန်များအနက် ယစ်မျိုးခွန်ရရှိမှုမှာ အများဆုံးဖြစ်ကြောင်း ယစ်မျိုးခွန်ကောက်ခံသည့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။