POST TAGGED AS

မော်လမြိုင်

မော်လမြိုင်မြို့ရှိ ပိုင်းခေတ်ခန်းမတွင် မွန်ပါတီများဦးဆောင်၍ ၂၁ ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးထားသည့် ဆွေးနွေးချက်များနှင့် မွန်အမျိုးသားအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များအပေါ် ပြန်လည်သုံးသပ်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ လ ၁ ရက်အထိ ပြုလုပ်ခဲ့သည်။
မော်လမြိုင်မြို့ ဖက်တက်တန်းရပ်၊ ကျိုက်သလ္လံဘုရားလမ်း မဟာမြတ်မုနိဘုရားအနီးရှိ စတုတ္ထသမီးတော်၏ အုတ်နန်းပြာသာဒ်ဆောင် မြေပြိုကျမှုကို ပြန်လည်ပြုပြင်နိုင်ရန် မြစ်ဖြစ်သူက ပြည်နယ်အစိုးရထံသို့ တောင်းဆိုခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း စတုတ္ထသမီးတော်၏ မြစ်ဖြစ်သူ တော်မြတ်စိုးက ပြောကြားသည်။
ရေကြီးပြီး လမ်းပိုင်းပျက်စီးမှုကြောင့် ရန်ကုန်-မော်လမြိုင်ရထား ခရီးစဉ်များ ရက် ၂၀ ကျော် ရပ်နားခဲ့ခြင်းကြောင့် မြန်မာ့မီးရထား၏ဝင်ငွေကျပ် သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်ဘူတာကြီး၊ တိုင်း-၇၊ သွားလာပို့ဆောင်ရေးဌာန၊ တိုင်းမန်နေဂျာဦးဇော်လွင်က ပြောကြားသည်။
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ရေကျော်၍ လမ်းပိုင်းနှင့် တံတားထောက်တိုင် ပျက်စီးမှုကြောင့် ရက်ပေါင်းနှစ်ဆယ်ကျော် ရပ်နားထားသည့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ကို ယနေ့ (ဩဂုတ်လ ၂၀ ရက်) တွင် ပြန်လည်ပြေးဆွဲပြီဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇၊ (သွားလာပို့ဆောင်ရေးဌာန) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ရေကျော်၍ လမ်းပိုင်းနှင့် တံတားပျက်စီးမှုကြောင့် ၁၈ ရက်ကျော် ရပ်နားထားသော ရထားခရီးစဉ်များ ဩဂုတ်လ ၁၆ ရက်တွင် ပြန်လည်ပြေးဆွဲရန် လျာထားကြောင်း မြန်မာ့မီးရထား၊ သတင်းပြန်ကြားရေးဌာန၊ တွဲဖက်ဒုကြီးကြပ်ရေးမှူး ဦးထိန်ဝင်းက ပြောကြားသည်။
မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် ရထားလမ်း ပျက်စီးနေသည့်အတွက် မော်လမြိုင်- ရန်ကုန် ရထားကို လိုက်ပါစီးနင်းမည့် ခရီးသည် ၃၅၀ ခန့် မော်လမြိုင် ဘူတာကြီးတွင် သောင်တင်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေကြီးမှုကြောင့် မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းမတွင် ပိတ်မိနေသည့် ခရီးသည်များကို ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ကယ်ဆယ်ရေးလှေများဖြင့် သယ်ယူပို့ဆောင်ပေးနေကြောင်း မွန်ပြည်နယ်အစိုးရထံမှသိရသည်။
28-Jul-2018 tagged as မော်လမြိုင်
မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျေးရွာတွင် တပ်မတော်သားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ တပ်မတော်က စစ်ခုံရုံးဖွဲ့ စစ်ဆေးနေမှုအပေါ် သေဆုံးသူ၏ မိသားစုဝင်နှင့် မွန်ပြည်နယ် လူမှုအဖွဲ့အစည်းကွန်ရက်မှ ရေးမြို့နယ် တာဝန်ခံတို့က ရေးမြို့ရှိ အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ ဇူလိုင်လ ၂၆ ရက်က သွားရောက် မေးမြန်းခဲ့သည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နံနက်က ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာအနီးသို့ ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျေးရွာ ၂ ရွာတို့တွင် ရေဝင်ရောက်သဖြင့် ရေဘေးသင့်သူ ၈၀၀ ကျော်ကို ပြောင်းရွှေ့ထားရကြောင်း ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကပြောသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမတိုက်နယ်ဆေးရုံတွင် ဇူလိုင်လ ၇ ရက် ညနေပိုင်းက ဒုတိယအကြိမ် ရေဝင်ရောက်သဖြင့် ဆေးရုံတင်လူနာများကို မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ရွှေ့ပြောင်းထားရကြောင်း မုတ္တမတိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာဇာနည်အောင်က ပြောကြားသည်။