News

POST TAGGED AS

မော်လမြိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇွန်လ ၁၉ ရက်တွင် မွန်ပြည်နယ်သို့ရောက်ရှိလာပြီး မြေပြိုမှုကြောင့် ပျက်စီးခဲ့သော ကျိုက်သလ္လံစေတီ၏ ပြုပြင်ရာတွင် ကူညီရန်နှင့် မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများထံ သွားရောက်ကာ ကူညီထောက်ပံ့ခဲ့သည်။
မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် ဇွန်လ ၁၇ ရက် ရေကြီးမှုကြောင့် အိမ်ခြေ ၃၅၀၀ ကျော် ရေဝင်နစ်မြုပ်၍ ကိုယ်ဝန်ဆောင်သည်တစ်ဦး သေဆုံးကာ လူ ၇၄၀၀ ကျော် ရေဘေးတိမ်းရှောင်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၂၄ ခု ဖွင့်လှစ်ခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်သို့ ယခုရက်ပိုင်းအတွင်း လာရောက်မည်ဖြစ်ပြီး ဒေသခံလူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများထံမှ သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြိုင်သာယာရပ်ကွက်၊ ဈေးကြိုတောင်ဝိုင်းလမ်းရှိ နှစ်လုံး သုံးလုံးချဲ လောင်းကစားဒိုင်တို့ကို နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှ ဇွန်လ ၁ ရက်က လာရောက်ဖမ်းဆီးခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
မွန်ပြည်နယ်မြို့နယ်အချို့ရှိ အစွန်အဖျားဒေသတွင် နေထိုင်သော တိုင်းရင်းသားအချို့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ရရှိရေးအတွက် ပြည်နယ်အစိုးရအနေနှင့် အထူးစီမံချက်တစ်ရပ်အနေနှင့် အကောင်အထည်ဖော်သင့်ကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
19-May-2018 tagged as မော်လမြိုင်
မွန်ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးများကို ဟိုတယ်၊ မိုတယ်များတွင်လုပ်မည်ဆိုပါက မြို့နယ်ထွေအုပ်ရုံးတွင် ၁၀ ရက် ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟုဆိုသော ညွှန်ကြားချက်ကို မေလ ၁၈ ရက်တွင် ပြည်နယ်အစိုးရက ပြန်ရုပ်သိမ်းလိုက်သည်။
ကွာရှင်းပြတ်စဲထားသည့် ခင်ပွန်းဟောင်းဖြစ်သူက မူလတန်းပြကျောင်းဆရာမတစ်ဦးအား ဓားဖြင့် ထိုးသတ်မှုတစ်ခု မော်လမြိုင်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။
မော်လမြိုင်စက်မှုဇုန်တွင် ကျောက်မီးသွေးဖြင့် စမ်းသပ်လည်ပတ်နေသည့် ခနောက်စိမ်း သတ္တုကြိတ်ခွဲသန့်စင်စက်ရုံများမှ အနံ့ဆိုးများထွက်သည်ကို ဖြေရှင်းပေးရန်နှင့် စက်ရုံကိုပိတ်ပေးရန် ဒေသခံများက ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ စက်မှုဇုန်တွင် စမ်းသပ်လည်ပတ်နေသော ခနောက်စိမ်း သန့်စင်စက်ရုံတွင် အနံ့ဆိုးများ ထွက်နေသည်ဟုဆိုကာပိတ်သိမ်းပေးရန် စက်ရုံ ပတ်ဝန်းကျင် ဒေသခံများက တောင်းဆိုလျက်ရှိသည်။