News

POST TAGGED AS

မော်ရင်ညို

မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် တရုတ်ဆူပါလိဂ်ကလပ် အသင်းများက မက်မောလောက်ဖွယ်ရာ လုပ်ခလစာများဖြင့် ၎င်းကိုခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းနေခြင်းများကို ငြင်းဆန်ပယ်ချ၍ မန်ယူနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခွင့် ရနိုင်ရေးကိုသာ ဆန္ဒရှိနေကြောင်း Sky Sports က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိဘောလုံးရာသီတွင် မန်ယူအတွက် ပွဲစဉ်ဇယား ရေးဆွဲပေးထားမှုမှာ တရားမျှတခြင်း မရှိကြောင်း ထုတ်ဖော်ဝေဖန်လိုက်ပြီး ယင်းအကျိုးဆက် ရိုက်ခတ်မှုဒဏ်ကို အသင်းအနေနှင့် များစွာ ခံစားနေရကြောင်းလည်း မော်ရင်ညိုက အသိပေး ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အဲဗာတန်နှင့် မန်ယူတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ကွင်းလယ်လူ ဖယ်လိုင်နီကို လူစားလဲလှယ် ထည့်သွင်းရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းအတွက် ကာကွယ်ပြောကြားလိုက်ကြောင်း BBC က ဖော်ပြထားသည်။
ဗြိတိန် လွှတ်တော်အမတ်တစ်ဦး ဖြစ်သည့် မက်ဂ်ဟီလီယာသည် နည်းပြ မော်ရင်ညို၏ အခွန်တိမ်းရှောင်ခဲ့မှုများကို တာဝန်ရှိသူများဘက်က အလေးအနက်ထား စစ်ဆေးမှုများ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပြီး မော်ရင်ညိုမှာ ချယ်လ်ဆီးနှင့် ရီးရဲလ်မက်ဒရစ်တို့ထံတွင် နည်းပြ တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း အခွန်တိမ်းရှောင်ခဲ့ကြောင်း Football Leaks က ဖော်ပြထားသည်။
ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းတစ်ဦး ဖြစ်သည့် ဂရေဟမ်ပူးလ်သည် မန်ယူနည်းပြ မော်ရင်ညို မှတ်လောက်သားလောက် ဖြစ်သွားစေရန်အတွက် ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် အရေးယူသင့်ကြောင်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို တိုက်တွန်းလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူအသင်းသည် ဝက်စ်ဟမ်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် ၂၇ နှစ်တာကာလ ဖြတ်သန်းမှုအတွင်း အဆိုးရွားဆုံးသော ရာသီအစကို ကြုံဆုံရင်ဆိုင်လိုက်ရပြီ ဖြစ်ကာ အဆိုပါပွဲစဉ်တွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ခဲ့သည့် မန်ယူနည်းပြ မော်ရင်ညိုမှာလည်း ပွဲကြီးကြပ်ခွင့် ပိတ်ပင်ပြစ်ဒဏ် ချမှတ်ခံရမည့် အခြေအနေကို ရင်ဆိုင်ကြုံဆုံနေရပြီ ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် အာဆင်နယ်တို့ တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် အသင်းအနေနှင့် လက်ရှိဘောလုံးရာသီအတွင်း ကံဆိုးမှုများဖြင့် ရင်ဆိုင်နေရသည့်အတွက် အမှတ်ပေးဇယားထိပ်ဘက်သို့ တက်လှမ်းရပ်တည်နေနိုင်မည့် အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးရလျက် ရှိကြောင်း ညည်းတွားပြောဆိုသွားခဲ့သည်ဟု BBC က ဖော်ပြထားသည်။
အာဆင်နယ်အသင်း ပရိသတ်များသည် မန်ယူနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနည်းပြ မော်ရင်ညိုကို “အခုထက်ပိုပြီး စပါယ်ရှယ်ဖြစ်ဖို့ မရှိတော့ဘူး” ဟု ဟစ်အော်လှောင်ပြောင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်ယူနှင့် အာဆင်နယ်တို့ ထိပ်တိုက်တွေ့မည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနည်းပြ မော်ရင်ညိုကို လက်ဆွဲနှုတ်ဆက်သွားမည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး မော်ရင်ညိုနှင့် ၎င်းအကြား၌ သာမန်ဆက်ဆံရေးမျိုး ရှိနေဆဲ ဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက အသိပေးထားသည်ဟု The Mirror က ဖော်ပြထားသည်။
အဲဗာတန် အသင်းသည် မန်ယူထံတွင် ပုံမှန်ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေသည့် တိုက်စစ်တောင်ပံကစားသမား ဒီပေးကို လာမည့် ဇန်ဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် အငှားခေါ်ယူရန် လွန်စွာနီးစပ်နေပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။