News

POST TAGGED AS

မော်ရင်ညို

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် အင်္ဂလန်နိုင်ငံသို့ နည်းပြဘ၀ ဖြတ်သန်းရန် စတင် ရောက်ရှိလာခဲ့စဉ်ကကဲ့သို့ မဟုတ်ဘဲ အရာရာကို ငြိမ်းချမ်းစွာ တုံ့ပြန်လာနိုင်ခဲ့ပြီဖြစ်၍ သတင်းမီဒီယာများ အနေနှင့် ၎င်းကို ငြိမ်းချမ်းရေးသမား(The Peaceful One)ဟု ယုံယုံကြည်ကြည် ရေးသားခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း ဖွင့်ဟ အသိပေးလိုက်သည်
မန်ယူနည်းပြ မော်ရင်ညိုသည် ရာထူးထုတ်ပယ်ခံလိုက်ရသည့် လက်စတာနည်းပြ ရာနီရေးရီကို ဂုဏ်ပြုချီးကျူးလိုက်ပြီး သမိုင်းကို မည်သူမျှဖျက်၍ မရသည့်အတွက် ရာနီရေးရီ အနေနှင့် စိတ်ထိခိုက် နာကျင်ဝမ်းနည်းနေစရာ မလိုကြောင်း မော်ရင်ညိုက အားပေးပြောကြားသွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။
21-Feb-2017 tagged as မော်ရင်ညို
မန်ယူနည်းပြ မော်ရင်ညိုသည် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ မဲခွဲထုတ်ပြန်ရာတွင် ချယ်လ်ဆီးနှင့် ဆုံတွေ့လိုက်ရပြီးသည့်နောက် ယင်းပွဲစဉ်ကို မန်ယူထက် ချယ်လ်ဆီးက အာရုံစူးစိုက်မှု အပြည့်ထား၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်လိမ့်မည်ဟု စိတ်ဓာတ် စစ်ဆင်ရေးစကား ပြောကြားလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
21-Feb-2017 tagged as မော်ရင်ညို
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ဘလက်ဘန်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွင် အက်ဖ်အေဖလားပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် တန်ကြေး အမြင့်မားဆုံး အရန်ကစားသမားစာရင်းကို အသုံးပြုသွား
08-Feb-2017 tagged as မော်ရင်ညို
လိဂ်ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီသည် လန်ဒန်မြို့ရှိ ၀င်ဘလေ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် မန်ယူနှင့် ဆောက်သမ်တန်တို့၏ လိဂ်ဖလား ဗိုလ်လုပွဲကို ပွဲကြီးကြပ်ရန် ပရီးမီးယားလိဂ် ထိပ်တန်းဒိုင်လူကြီးများအနက်တွင် တစ်ဦး အပါအ၀င်ဖြစ်သည့် အန်ဒရေးမာရီနာကို ရွေးချယ်
မန်ယူအသင်းသည် လက်စတာကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် နည်းပြဖာဂူဆန် အနားယူသွားခဲ့ပြီးသည့် ကာလ နောက်ပိုင်း၌ လိဂ်ရှုံးပွဲမရှိ အရှည်ကြာဆုံး စံချိန်တစ်ရပ်ကို ပိုင်ဆိုင်ရရှိသွားခဲ့ကြောင်း Yahoo က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် ဟားလ်စီးတီးတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် သတင်းထောက်များနှင့် ဆုံတွေ့ခဲ့ရာ၌ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ၎င်းအတွက် သီးသန့်စည်းမျဉ်းများ ထုတ်ကာ ခွဲခြားဆက်ဆံသကဲ့သို့ ခံစားရလျက်ရှိကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းအတွက် ခေါ်ယူမည့် ကစားသမားသစ်များကို ၎င်းအနေနှင့် အပြီးသတ် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ဖွင့်ဟလိုက်သည်ဟု Sky Sports က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဟားလ်စီးတီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် အကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် သတင်းထောက်များက အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက စတုတ္ထဒိုင်လူကြီး အန်တိုနီတေလာကို ကိုယ်ထိလက်ရောက် တွန်းထုတ်ခဲ့ခြင်းအတွက် ထင်မြင်ချက်ပေးရန် တောင်းခံသည်ကို ၎င်းအနေနှင့် ဒိုင်လူကြီးများကို ယင်းကဲ့သို့ တွန်းမထုတ်ဖူးသည့်အတွက် မှတ်ချက်ပေးရန် ခက်ခဲကြောင်း ဖြေကြားသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။
25-Jan-2017 tagged as မော်ရင်ညို
မန်ယူတိုက်စစ် တောင်ပံကစားသမား မာတီရယ်လ်သည် အသင်းနည်းပြ မော်ရင်ညိုနှင့် ပုဂ္ဂိုလ်ရေး အဆင်မပြေမှုများ ပြန်လည် ဖြစ်ပွားနေပြီး စတုတ်စီးတီးနှင့် မန်ယူတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ၎င်းကို အသင်းလူစာရင်း၌ မထည့်သွင်းခဲ့ခြင်းအတွက် မာတီရယ်လ်က မော်ရင်ညိုကို မကျေနပ်မှုများ ရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။