News

POST TAGGED AS

မောင်းသူမဲ့

18-Jun-2017 tagged as မောင်းသူမဲ့
အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်သည် တစ်နာရီ မိုင် ၇၀၀ နှုန်းအထိ အလိုအလျောက် မောင်းနှင်ပျံသန်းမည့် စစ်သုံးစက်ရုပ်ဒရုန်းကို တီထွင်ခဲ့ကြောင်း Wall Street Journal သတင်းတွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံ ကာကွယ်ရေးဌာနသုံး နည်းပညာ ပစ္စည်းများကို တီထွင်ထုတ်လုပ်ပေးနေသော Elbit Systems ကုမ္ပဏီသည် လေတပ်သုံး (one billion pixel) အထိ ရနိုင်သည့် ကင်မရာစနစ်ကို တီထွင်ပြီး ကောင်းကင်ထဲမှ မြေပြင် ကီလိုမီတာ ၈၀ ဝန်းကျင်ကို ပြတ်သားထင်ရှားစွာ ထောက်လှမ်းနိုင်သည့် စနစ်တစ်ခုအား တီထွင်ဖော်ထုတ်ပြသခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ယနေ့ သင့်ထံတွင် ဒရုန်းယာဉ်တစ်စီး ပိုင်ဆိုင်နေပါသလား၊ ထိုဒရုန်းယာဉ်မှာ တရုတ်ထုတ်ဖြစ်ရန် များသည်ဆို သောသဘောကို China Daily သတင်းစာတွင် ရေးသားထားပြီး၊ အနာဂတ်တွင် တရုတ်ထုတ် ပစ္စည်းများသည် ကလေးကစားစရာ ဒရုန်းမှသည် လုပ်ငန်းသုံး ဒရုန်းယာဉ်အထိ ကမ္ဘာကို လွှမ်းမိုးတော့မည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
01-Feb-2017 tagged as မောင်းသူမဲ့
စိတ်ကူးယဉ် သိပ္ပံဇာတ်ကားများထဲ၌ တက္ကစီကားပျံများဖြင့် သယ်ယူပို့ဆောင်သည့် စနစ်များကို ခေတ်မီသည့် နိုင်ငံများတွင် လမ်းပိတ်ဆို့သည့်ဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး စဉ်းစားခဲ့ကြရာ ကမ္ဘာပေါ်တွင် မိုးပျံကားများအတွက် အပြိုင်အဆိုင် လုပ်ဆောင်နေသော ကုမ္ပဏီပေါင်း တစ်ဒါဇင်နီးပါး ရှိလာပြီ ဖြစ်ကြောင်း Japan Times သတင်းတွင် ဖော်ပြထားသည်။
25-Jan-2017 tagged as မောင်းသူမဲ့
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ယာဉ်လမ်းကြောင်းများ ပိတ်ဆို့ခြင်းနှင့် လေထု ညစ်ညမ်းခြင်း ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်သော မောင်းသူမဲ့ လွန်းပြန်ဘတ်စ်ကား နှစ်စီးကို စတင် စမ်းသပ် အသုံးပြုခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။