News

POST TAGGED AS

မောင်တော

အစိုးရသစ်အတွက် လတ်တလော အာနန်ကော်မရှင်၏ အကြံပြုချက်များသည် ရခိုင်ပြည်နယ် ပဋိပက္ခအတွက် နိုင်ငံတကာ ထောက်ခံမှု ရထားသော ဖြေရှင်းရမည့် နည်းလမ်းများ ဖြစ်ပါသည်။ သို့သော် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှု ခံရသည့် အခြေအနေလွန် ကာလမျိုးတွင် လက်တွေ့ဖြေရှင်းရမည့်ပုံစံနှင့် အနည်းငယ် အလှမ်းဝေးနေပြန်ပါသည်။
ရခိုင်ပြည်နယ် မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သမ္မတရုံးက သတ်မှတ်ပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်း (ပြည်သူ့ဆက်ဆံရေး နှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး)က The Voice သတင်းစာသို့ အတည်ပြု ပြောကြားသည်။
မောင်တောဒေသ၌ အကြမ်းဖက်မှု ကာကွယ်ရေး၊ ဒေသခံများ ဘေးကင်း လုံခြုံရေးတို့အား အစိုးရနှင့် တပ်မတော်တို့ ပူးတွဲ လုပ်ဆောင်နေသကဲ့သို့ ပြည်မ၌လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း အလေးထား လုပ်ဆောင်စရာအချို့ ရှိနေပါသည်။ ယင်းလုပ်ငန်းများ၌ ပြည်မနေ မွတ်ဆလင်များ၏ ပူးပေါင်းဆောင်ရွက်မှု အထူး အရေးတကြီး လိုအပ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှု ဖြစ်ရပ်များကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ် မြင်းလွတ်နယ်ခြားစောင့် ရဲစခန်းမှ ကျဆုံးသွားသည့် ရဲဝန်ထမ်း ၃ ဦးနှင့် လဝက ဝန်ထမ်းတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၇ ရက်နေ့ ညနေက မောင်တောသင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
27-Aug-2017 tagged as မောင်တော
လက်ရှိ ဘူးသီးတောင်၊ မောင်တော အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် လတ်တလော စာရင်းအရ ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများ ၄၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး စိတ်ချရသည့် လုံခြုံမှုနှင့် စားစရာ အကူအညီများ လိုအပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။
26-Aug-2017 tagged as မောင်တော
ပြည်သူတွေကို လူသားဒိုင်းသဖွယ် ရှေ့တန်းတင် အသုံးချခံရရင် မောင်တောကျခဲ့သော် ပြန်ရအောင်တိုက်ယူဖို့ နှစ်နဲ့ချီ အချိန်ယူရဖွယ်ရှိပြီး၊ အရပ်သားပြည်သူတွေ အထိအခိုက် များနိုင်တာကြောင့် နိုင်ငံတကာ ဖိအားနဲ့ အပြင်းအထန် ရင်ဆိုင်ရနိုင်ပါတယ်။ စစ်ဆင်ရေးလည်း ဆက်လုပ်ဖို့ အခက်အခဲ ရှိသွားနိုင်ပါတယ်။
မောင်တောမြို့ပေါ်၌ ယနေ့ (ဩဂုတ် ၂၆ ရက်) နံနက်ပိုင်းတွင် ဘင်္ဂါလီ အကြမ်းဖက်များ ဝင်ရောက်လာသည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရသည်။
မောင်တောဒေသရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကင်းစခန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် သြဂုတ်လ ၂၅ ရက် နံနက် ၇ နာရီခွဲအထိ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
21-Aug-2017 tagged as မောင်တော
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်လျက်ရှိသည့် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးဇုန်ကို စီးပွားရေးဇုန်အဖြစ် ပြန်လည် အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။