News

POST TAGGED AS

မောင်တော

မြန်မာ့အချုပ်အခြာ အာဏာတည်မြဲရာ မောင်တောခရိုင်ဒေသထဲ၌ မြန်မာအမျိုးသားများ ပိုင်ဆိုင်သော နယ်မြေများ ပိုမိုကျယ်ပြန့်လာရန် လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သမိုင်းပညာရှင် ဒေါက်တာအေးချမ်းဦးဆောင်သော ထိုအဖွဲ့သည်လည်း ထင်သလောက် အထမြောက်ပုံ မရချေ။ ပူးပေါင်းပါဝင်သူ၊ ငွေကြေးအင်အား၊ လုံခြုံရေး အာမခံချက် စသဖြင့် အရာရာ အားနည်းပုံရသည်။
မောင်တောမြို့နယ် မြောက်ပိုင်း တရိန်းကျေးရွာ အနောက်ဖက် (၁) မိုင်အကျော်ခန့်တွင် ယနေ့ (ဇန်နဝါရီ ၅ ရက်)နံနက် ၁၀ အချိန်ခန့်က တပ်မတော်သားများ လိုက်ပါလာသည့်ယာဉ် ဆွဲမိုင်း ဖောက်ခွဲခံရမှုကြောင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်မတော်သား ခြောက်ဦးနှင့် အရပ်သား ဒရိုင်ဘာတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း၌ ရသေ့တောင်မြို့နယ်တွင် မီးရှို့ဖျက်ဆီးခံရသော စာသင်ကျောင်း ၁၀ ကျောင်းမှာ ဇန်နဝါရီလ ၃ ရက်အထိ ပြန်မဖွင့်နိုင်သေးကြောင်း ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သုံးမိုင်ရပ်ကွက် တံတားဦးတွင် နေထိုင်သော နေရပ်စွန့်ခွာ မြိုတိုင်းရင်းသား ၅၀၀ ကျော် စားသုံးရန်အတွက် ဆန်ပြတ်လပ်နေကြောင်း ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။
ယခုရက်ပိုင်းတွင် ထွက်ပေါ်လာသည့် ရခိုင်အရေးနှင့် ပတ်သတ်သည့်သတင်းများကို လေ့လာကြည့်လျှင် မကြာမီ ၂၀၁၈ နှစ်ဆန်းပိုင်း အစကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံကြတော့မည်ဖြစ်ပြီး ထိုအရေးနှင့် တိုက်ဆိုင်စွာပင် ယခုရက်ပိုင်းတွင်မူ အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တူးဖော်ရရှိမှု သတင်းကလည်း ယှဉ်တွဲပေါ်ပေါက်လာခဲ့ရာ ရှေ့ဆက်ပြီး ထိုဒေသအရေးသည် မည်သို့ ရှိလာမည်နည်း။
ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေခရိုင် ရသေ့တောင်မြို့နယ်များတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ပိတ်ထားခဲ့ရသော ကျောင်းပေါင်း ၄၀ဝ ကျော်အနက် ၂၈၇ ကျောင်းကို ဖွင့်လှစ်ပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ လူများအား သတ်ဖြတ်မြှုပ်နှံထားကြောင်း သတင်းပေးပို့ တိုင်ကြားမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စုံစမ်းစစ်ဆေးခဲ့ရာ အမည်မသိ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် သတင်းထုတ်ပြန်သည်။
17-Dec-2017 tagged as မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ သံတွဲမြို့ ဆင်ခေါင်းကျေးရွာမှ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၁၃စုမှ ဒီဇင်ဘာလ ၁၅ ရက်က ထပ်မံ ရွှေ့ပြောင်းလာကြောင်း အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီထံမှ သိရသည်။
15-Dec-2017 tagged as မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ရိတ်သိမ်းသူမဲ့ စပါး ၇၅၉၂၉ တင်းကို တစ်တင်းလျှင် ကျပ်သုံးသောင်းတစ်ထောင်နှုန်းဖြင့် ရောင်းချထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
11-Dec-2017 tagged as မောင်တော
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အခြေချနေထိုင် လုပ်ကိုင်စားသောက်ရန်အတွက် မြို့နယ်အချို့မှ လူဦးရေ ၁၀ဝ ခန့် ရောက်ရှိနေကြောင်း ရခိုင်အမျိုးသား နယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးသန်းထွန်းက ပြောသည်။