News

POST TAGGED AS

မောင်တော

ထိုစဉ်ကတည်းက ရခိုင်မှာ IDP (Internally Displacement People) ဒုက္ခသည်စခန်းတွေ ပေါ်လာခဲ့သည်။ အမုန်းမျိုးစေ့ သန္ဓေတည်ခဲ့သည်။ ထိုပြဿနာများသည် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ထင်ရှားသော သက်သေများအဖြစ် ယနေ့တိုင် ထင်ကျန်သည်။ ကုလသမဂ္ဂလို လူ့အခွင့်အရေးစံပြု အဖွဲ့အစည်းတွေအတွက် လက်ညှိုးထိုးပြစရာ ဖြစ်သွားသည်။ ဝမ်းနည်းစရာ ကောင်းလှသည်။
ဤဒေသသည် ဆရာတော်ကြီး၏ ဇာတိနယ်မြေလည်းဖြစ်သည်။ ရခိုင်အရေးနှင့် ပတ်သက်လာလျှင် ဆရာတော်ကြီးက အလုံးစုံ သိနားလည်သည်။ ဤဒေသကို ဘင်္ဂါလီတွေ တဖြည်းဖြည်း လွှမ်းမိုးလာသည့်ကိစ္စ၊ ရခိုင်လူမျိုးတွေ တဖြည်းဖြည်းနှင့် ဒေသကို စွန့်ခွာသွားနေသည့်ကိစ္စ၊ ဒေသ မဖွံ့မဖြိုး ခေတ်နောက်ကျ ကျန်နေသည့်ကိစ္စ၊ ရခိုင်လူမျိုးတွေဘဝ မလုံမခြုံ ဖြစ်လာသည့်ကိစ္စ၊ ဆင်းရဲနွမ်းပါးမှု ကိစ္စအားလုံးကို ဆရာတော်ကြီး သိသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလက ဆန်တန်ချိန် ၉၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းထံမှ သိရသည်။
မေယုမြစ်ကို စုန်ဆင်းဖြတ်သန်းခိုက် ဤဒေသ၏ လမ်းပန်းဆက်သွယ်ရေးအကြောင်းကို စဉ်းစားနေမိသည်။ ယခုချိန်ထိ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှာ ရေကြောင်းခရီးကိုသာ အဓိက အားကိုးနေရဆဲဖြစ်သည်။ တစ်ချိန်က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိမြို့များ ရေကြောင်းတစ်ခုတည်း အားကိုးသွားလာခဲ့ရသလိုမျိုး ဤဒေသမှာ ခရီးသည်တင် အမြန်ရေယာဉ်နှင့် နှစ်ထပ် သင်္ဘောတွေကို အသုံးပြုနေဆဲဖြစ်သည်။
မြန်မာနိုင်ငံရှိ အခြားသော မြို့၊ ​ရွာများ၏ အမည်လိုပဲ ဘူးသီးတောင် အမည်ကလည်း ဒဏ္ဍာရီပုံပြင်ဆန်သည်။ ရှေးက မူလရွာဟောင်းအနီး တောင်ကုန်း ၉၉ လုံး ရှိရာတွင် အနောက်တောင်အရပ်ရှိ တောင်တွင် ရွှေဘူးသီးကြီး တစ်လုံးရှိပြီး ဘူးစေ့များမှာ ကျောက်သံပတ္တမြားများဖြစ်ကြောင်း သိုက်ဆရာတို့၏ သိုက်ကျမ်းတွင် ဖော်ပြကြောင်း။ ထိုရွှေဘူးသီးကို အကြောင်းပြု၍ ဘူးသီးတောင်ဖြစ်လာကြောင်း ဒဏ္ဍာရီဆန်ဆန် ပြောကြသည်။
ကျွန်တော်တို့ ရောက်ရှိသွားခဲ့သည့် မောင်တော တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ်တွေမှာ ရွာတွေအားလုံး မီးရှို့ဖျက်ဆီးခံထားရသည်မှာ မျက်မြင်ဖြစ်၍ အမှန်ပဲဖြစ်သည်။ ဘင်္ဂါလီ မွတ်ဆလင်တွေလည်း မရှိသလောက်နည်းသွားသည်။ ထိုအချက်အရ တစ်ဖက်နိုင်ငံသို့ ဘင်္ဂါလီ မွတ်ဆလင် ခြောက်သိန်းကျော် ထွက်ပြေးသွားသည်ဆိုသောအချက်မှာ မှန်နိုင်သည်။
30-Jan-2018 tagged as မောင်တော
ရခိုင်ပြည်နယ် မြောက်ပိုင်းလုံခြုံ ရေးအတွက် မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ပြည်သူ့စစ်ဌာနေအဖွဲ ၃၄ ဖွဲ့ကို ဖွဲ့စည်းထားပြီး သုံးဖွဲ့ကို လက်နက်တပ်ဆင်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မအပါအဝင် ပုဒ်မ ၃ ခုဖြင့် ဖမ်းဆီးခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နှင့် စာပေဟောပြောပွဲ စီစဉ်သူ စာရေးဆရာ နီဘုန်းသွန်းဝေတို့ကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ရာ ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော် သုံးခဲ့ကြောင်း အဆိုပါရုံးချိန်းကို ရောက်ရှိနေသူများထံမှ သိရသည်။
“ကျွန်တော်တို့ ဘူးသီးတောင်ဘက်မှာတော့ ပြဿနာ ကြီးကြီးကျယ်ကျယ် မဖြစ်ဘူး။ ဒါပေမဲ့ ဒီဘက်က မွတ်ဆလင်တွေလည်း တောင်ကျော်ပြီး ရွာလုံးကျွတ် ထွက်ပြေးသွားတာရှိတယ်”ဟုဆိုသည်။
မောင်တောမြို့နယ်၌ ဘင်္ဂါလီလူမျိုးပိုင် ထော်လာဂျီယာဉ်ပေါ်မှ ကာလတန်ဖိုး ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၁၂ သိန်းကျော်၊ ဇန်နဝါရီ လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအခွဲအချိန်က ဖမ်းမိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်းထံမှ သိရသည်။