News

POST TAGGED AS

မောင်တော

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener နှင့်အဖွဲ့သည် မောင်တောမြို့နယ်သို့ ဇွန်လ ၁၈ ရက်က သွားရောက်ကာ ဘင်္ဂါလီလူမျိုး ဟိန္ဒူဘာသာဝင်အချို့နှင့် မြိုတိုင်းရင်းသား အချို့တို့နှင့် တွေ့ဆုံခဲ့ကြသည်။
အကြမ်းဖက် တိုက်ခိုက်ခံရသော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ဇွန်လလယ်မှစ၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဩဂုတ်လအထိ နှစ်လထပ်မံ တိုးမြှင့်လိုက်ပြီး အများပြည်သူ သွားလာချိန်ကို ဖြေလျှော့ပေးထားကြောင်း မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းရှိ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းတွင် နေအိမ်များ တည်ဆောက်မှုသည် မေလလယ်တွင် ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါ စခန်းတည်ဆောက်ရေး စီမံကိန်းမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် တောင်ပိုင်း၌ ပြန်လည်နေရာချထားပေးရေး အစီအစဉ်များကို ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများကို ပထမဆုံးအနေနှင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကို လက်ခံရေးစခန်းတွင် ထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ပြောကြားသည်။
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသစ်သို့ ရွှေ့ပြောင်း အခြေချနေထိုင်လာသူများကို မတ်လ ၁၆ ရက်မှစတင်ကာ အိမ်များ ဆောက်လုပ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောသည်။
12-Mar-2018 tagged as မောင်တော
မောင်တောခရိုင်ရှိ ကျီးကန်းပြင် နယ်ခြားစောင့်တပ်ဌာနချုပ်၊ ငါးခူရနယ်ခြား စောင့်ရဲကင်းစခန်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းများကို ၂၀၁၆ ခုနှစ် တိုက်ခိုက်မှုတွင် ပါဝင်သူ ဘင်္ဂါလီ ၂၉၄ ဦးအနက် ၂၇၆ ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ၁၈ဦးကို မတ်လ ၅ ရက်က ခရိုင်တရားရုံး (ဘူးသီးတောင်ရုံးစိုက်) တရားသေ လွှတ်ပေးခဲ့ကြောင်း မောင်တောခရိုင် ဒုတိယ တရားသူကြီး ဦးညိုလွင်ဦး က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်သော ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၀ ကျော် မတ်လ ၈ ရက်က မောင်တောမြို့နယ်သို့ ပြောင်းရွှေ့လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
...“ကျွန်မက စစ်တွေမှာပဲ မွေးတယ်၊ စစ်တွေမှာပဲကြီးတယ်။ ဟိုမောင်တောက ဘင်္ဂါလီတွေနဲ့ ကျွန်မတို့က မတူပါဘူး”ဟုလည်း ထိုအမျိုးသမီးက ရင်ဖွင့်သည်။ သူတို့တစ်တွေ ဒီမှာ ဒီလိုပဲ တစ်သက်လုံး နေသွားရတော့မလား မသိပါ။ ကျွန်တော်တို့ ရောက်မလာမီ ယခု သက္ကယ်ပြင်ဒုက္ခသည်စခန်းကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းပေးမည်ဆိုသော သတင်းတစ်ပုဒ်လည်း ထွက်ပေါ်ခဲ့သေးသည်။...
“နတလက လုပ်တာနဲ့ ကျွန်တော်တို့ CRR ကလုပ်တာ မတူပါဘူး။ နတလက ရန်ကုန်က ကျူးကျော်တွေ၊ အိမ်ခြေရာမဲ့တွေခေါ်ပြီး နေရာချပေးတာ။ ကျွန်တော်တို့က တကယ် အလုပ်လုပ်ပြီး လာနေမယ့် ရခိုင်တိုင်းရင်းသားတွေကို ဦးစားပေး ဖိတ်ခေါ်ပြီး အကူအညီပေးတာ”