News

POST TAGGED AS

မောင်တော

မောင်​​တောတွင်​ ချုံခိုတိုက်​ခိုက်​မှု​ကြောင့်​ တပ်​မ​တော်​သားတစ်ဦးကျဆုံး၊ သုံးဦးဒဏ်​ရာရ
မောင်​တော၊ နိုဝင်​ဘာ ၁၂၊

ရခိုင်ပြည်နယ် မောင်​​တောတွင်​ ယနေ့(နိုဝင်​ဘာ ၁၂ ရက်​​) နံနက်အစောပိုင်းက နယ်​​မြေရှင်းလင်း​ရေး​ဆောင်​ရွက်​​နေသည့်​ တပ်​မ​တော်​စစ်​​ကြောင်းအား အကြမ်းဖက်​သမားများက ​မျော​တောင်​ ဘင်္ဂလီ​ကျေးရွာအဝင်​တွင်​ ချုံခိုတိုက်​ခိုက်​သည့်​အတွက်​ တပ်​မ​တော်​သားတစ်​ဦးကျဆုံးကာ အရာရှိတစ်ဦးအပါအဝင်​ သုံးဦးဒဏ်​ရာရရှိခဲ့​ကြောင်း ​မောင်​​တော​ဒေသတွင်​ လုံခြုံ​ရေးတာဝန်​​ထမ်း​ဆောင်​​နေသည့်​ တပ်​မ​တော်​မှ ဗိုလ်​မှူးအဆင့်​ရှိ အရာရှိတစ်ဦးက အတည်​ပြု​ပြောကြားသည်​။

"ရွာကိုအဝင်​မှာ စစ်​​ကြောင်း(၂)ကို အကြမ်းဖက်​သမား​တွေက ချုံခိုပြီး ​ချောင်း​မြောင်းပစ်​ခတ်​ခဲ့တာဖြစ်​တယ်​။ တပ်​မ​တော်​က ခမရ ၅၅၁က တပ်​သားလှစိုးဦး ကျဆုံးပြီး အရာရှိတစ်​​ယောက်​နဲ့ အခြားအဆင့်​ နှစ်​​ယောက်​ဒဏ်​ရာရရှိခဲ့ပါတယ်​"ဟု အထက်​ပါအရာရှိက ပြောသည်​။

တပ်​မ​တော်​မှ ရှင်းလင်းပစ်​ခတ်​ခဲ့သည့်​အတွက်​ အကြမ်းဖက်​သမား သုံးဦးအ​သေဖမ်းဆီးရမိခဲ့ပြီး လက်​နက်​တစ်​လက်​ သိမ်းဆည်းရမိခဲ့​ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ နံနက်​ပိုင်းကလည်း နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့မှ ကားတစ်စီး အကြမ်းဖက်​သမားများ ​ထောင်​ထားသည့်​ လက်​လုပ်​မိုင်း​ကြောင်း အနည်းငယ်​ ထိခိုက်​ပျက်​စီးခဲ့ရ​ကြောင်း ​မောင်​​တော နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့မှ ဒုရဲမှူးကြီးတစ်​ဦးက The Voice သို့​ ပြောသည်​။

အကြမ်းဖက်​သမားများ၏ တ​ကျော့ပြန်​ အကြမ်းဖက်​တိုက်​ခိုက်​မှုများ​ကြောင့်​ ​မောင်​​တော ​ဒေသခံများကြား စိုးရိမ်​​ကြောက်​ရွံ့မှုများ​ကြောင့့် ​ဒေသခံတချို့မှာ ဘူးသီး​တောင်​​မြို့နယ်​သို့ ထွက်​​ပြေးတိမ်းေ&ှာင်​​နေကြ​ကြောင်း ဘူးသီး​တောင်​မြို့နယ်​ဒေသခံတစ်ဦးက ပြောသည်​။

ဓါတ်ပုံ - ​ဖိုးသီဟ



FOLLOW US