News

POST TAGGED AS

မောင်တော

16-Jun-2017 tagged as မောင်တော
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းကို အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးခံထားရသူတစ်ဦးမှာ တရားရုံး အချုပ်ခန်းတွင် သေဆုံးသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။
11-Jun-2017 tagged as မောင်တော
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ညမထွက်ရအမိန့်ကို ယခု ဇွန်လ ၉ ရက်မှစ၍ နှစ်လ သက်တမ်းထပ်တိုးလိုက်သည်။
26-May-2017 tagged as မောင်တော
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သဝင်ချောင်းကျေးရွာတွင် မေလ ၂၆ ရက်နေ့က လက်လုပ်သေနတ် သုံးလက် ဖမ်းမိခဲ့ပြီး သံသယရှိသူ လူသုံးဆယ်ခန့်ကို လိုက်လံဖမ်းဆီးနေကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-May-2017 tagged as မောင်တော
မောင်တောမြို့နယ်အတွင်း ရဲကင်းစခန်းများကို အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူ အဒူရာကိန်း၏ အစ်ကိုဖြစ်သူ အဒူရာဆိုသူကို မေလ ၈ ရက်နေ့က ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးရုံးထံမှ သိရသည်။
မဘသအဖွဲ့၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သော ဦးဝီရသူ အပါအဝင် ဆရာတော် ၁၀ ပါးသည် မေလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်က မောင်တောမြို့သို့ ရောက်ရှိလာခဲ့ကြောင်း မဘသ(ဗဟို) အဖွဲ့ထံမှ သိရသည်။
မေယု FM ကိစ္စတွင်လည်း ထိုနည်းအတူပင်ဖြစ်သည်။ ထုတ်လွှင့်ချိန်မှသာ ပြည်သူသိခွင့် ရခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးဖေသန်းက အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်။ “အာဏာရှင်ဆန်ဆန် လုပ်နေတာ။ ဘာမှချပြစရာ မလိုဘူး။ ငါတို့လုပ်ရင် မှန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာ အမြဲတမ်း တွေ့ရတယ်”
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ဗဟိုကျောင်း ကျောင်းထိုင်ဆရာတော် ဦးအာစာရကို WY စိတ်ကြွမူးယစ်ဆေးပြားများနှင့်အတူ လက်နက်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေက ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့တွင် လုံခြုံရေး တာဝန်ယူထားသည့် ဒုတိယရဲမှူးကြီးတစ်ဦးက အတည်ပြု ပြောကြားသည်။
04-Jan-2017 tagged as မောင်တော
ရခိုင်ပြည်နယ် မောင်တောဒေသတွင် နိုင်ငံတကာမှ စွပ်စွဲသည့် လူမျိုးတုံး သတ်ဖြတ်မှုနှင့် ဘာသာရေး ဖိနှိပ်မှုများ မတွေ့ရကြောင်း မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ပထမအကြိမ် ထုတ်ပြန်သည့် ကြားဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
03-Jan-2017 tagged as မောင်တော
ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက The Voice သို့ ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့နယ်စပ် ခြံစည်းရိုး တစ်လျှောက်ကို ယခုထက် ပိုမိုလုံခြုံစိတ်ချရသည့် အတားအဆီးကာရံပေးရေး အဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တင်သွင်းပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။