News

POST TAGGED AS

ဘေးအန္တရာယ်

11-Oct-2017

တပ်မတော် TNLA
တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများ ပြန်ဖြစ်
ရန်ကုန်၊ အောက်တိုဘာ ၁၁

တပ်မတော်နှင့် တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ ရှမ်းပြည်မြောက်ပိုင်းဒေသတွင် တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလျက်ရှိကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က TNLA တပ်ရင်း ၁၁၂/၈၇၆ တပ်ဖွဲ့ဝင်အချို့နှင့် တပ်မတော် တပ်မ ၈၈ တို့သည် မန်တုံမြို့နယ် မန်ဆာကျေးရွာနှင့် ခိုင်အော်ကျေးရွာကြားတွင် နှစ်ဖက် အပြင်းအထန် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သုံးနာရီကျော်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။

TNLA ၏ အင်တာနက် စာမျက်နှာတွင်မူ တပ်မတော်က TNLA တပ်များ တည်ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းကြောင့် ယင်းသို့ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“တိုက်ပွဲက ဒီရက်ပိုင်းတွေမှာ ပြန်စိပ်လာတယ်။ နှစ်ဖက် ထိခိုက်မှုတွေလည်း ရှိတယ်”ဟု TNLA မှ အရာရှိတစ်ဦးက ဆိုသည်။

ထို့ပြင် ယခုလ (အောက်တိုဘာလ) လဆန်းပိုင်းတွင် လားရှိုးမြို့နယ်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် TNLA အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက အောက်တိုဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် TNLA အဖွဲ့ ဆုတ်ခွာ ထွက်ပြေးသွားသည့် လယ်ဖွေးကျေးရွာနှင့် ပန်ဖကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိ လက်နက်ငယ်မျိုးစုံ ခြောက်လက်၊ ကျည်မျိုးစုံ ၆၂၇၄ တောင့်၊ ကျည် အိမ်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံးတစ်လုံး၊ ယမ်း ၁၆၀ တုံး၊ မှန်ပြောင်း တစ်လက်၊ အိုင်ကွန်နှစ်လုံး၊ အီကွေ့မန့် (နဆကငစာနညအ) တစ်စုံ၊ ယမ်းမှုန့် ၄၀ ကျပ်သား၊ ယမ်းကြိုး ၁၁၁ ကိုက်၊ ဖိုက်ဘာပီပါအခွံ ကိုးလုံးနှင့် အက်စစ်ပါ တစ်လုံး၊ ဆာလဖျူရစ်အက်စစ် ၅ ဂါလန်ဆံ့ပုံး တစ်ပုံး၊ အိုင်အိုဒင်းဆား ၂၆ အိတ် စသည့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းမည်း ၁၃၂၂၂၅ ဂရမ်ခန့်၊ ဘိန်းဖြူ ၂၁၃၂ ဂရမ်ခန့်၊ ဘိန်းဖြူဘလောက်တုံး ၅၈၇ တုံးနှင့် စိတ်ြွကရူးသွပ်ဆေးပြား ၉၃၀ဝ၀ဝ ပြား၊ (စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၆၃၀ဝ၀ ကျော်)တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း တပ်ချုပ်ရုံးမှ သိရသည်။

လက်ရှိတွင် လားရှိုးခရိုင်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိနေကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

TNLA အဖွဲ့သည် တပ်မတော်က အကြမ်းဖက် အဖွဲ့များအဖြစ် ထုတ်ပြန်ထားသည့် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်များတွင် ပါဝင်သည့် အဖွဲ့ဖြစ်ပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSA) ဦးဆောင်သည့် နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ (FCNPP) တွင်လည်း ပါဝင်နေသည်။

J-08



FOLLOW US