News

POST TAGGED AS

ဘောလုံး

17-Feb-2017 tagged as ဘောလုံး
ယူအေအီး ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ယူအေအီးကလပ် အယ်လ်အာဘီထံသို့ အငှားလာရောက် ကစားနေသည့် ဆန်းဒါးလန်း တိုက်စစ်မှူးဟောင်း အဆာမိုဂျန်ကို အစ္စလာမ် တရားတော်က သင်ကြားထားသည်နှင့် မကိုက်ညီသော ဆံပင်ပုံစံကို ညှပ်သည်ဟူသော စွဲချက်ဖြင့် အရေးယူတော့မည် ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေး ဘောလုံးပြိုင်ပွဲဝင် ဒရမ်းစတတ်ဒ်အသင်းသည် ၎င်းတို့၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာကို Follow လုပ်ထားသည့် အမေရိကန် သမ္မတဟောင်း အိုဘားမားကို ၎င်းတို့၏ အိမ်ကွင်းသို့ လာရောက်၍ ဘောလုံးပွဲစဉ်တစ်ပွဲ တက်ရောက်ကြည့်ရှုရန် ဖိတ်ကြားလိုက်ကြောင်း The Bild က ဖော်ပြထားသည်။
16-Feb-2017 tagged as ဘောလုံး
အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ၎င်းအနေနှင့် အက်သလက်တီကိုကို စွန့်ခွာ၍ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ကောင်းမွန်သည့် အကြောင်းပြချက် ရှာမတွေ့သေးကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး အင်္ဂလန်၏ ဆိုးရွားသည့် ရာသီဥတုကို ၎င်းအနေနှင့် သဘောမကျဟုလည်း ဂရစ်ဇ်မန်းက အသိပေးထားကြောင်း Marca က ဖော်ပြထားသည်။
10-Feb-2017 tagged as ဘောလုံး
ဗြိတိန်ရဲတပ်ဖွဲ့သည် ပရီးမီးယားလိဂ်ပွဲစဉ်များ တရားမဝင် ထုတ်လွှင့်သည့် ရုပ်သံလွှင့်စက်များ ရောင်းချခဲ့သည့် လူငါးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ပြီး ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်နိုင်ရန် အတွက်လည်း ၎င်းတို့အနေနှင့် အပူတပြင်း ဆောင်ရွက်နေကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်ဟု Daily Mail က ဖော်ပြထားသည်။
09-Feb-2017 tagged as ဘောလုံး
အာကာသယာဉ်မှူး ရှိန်းကင်မ်ဘရော ဦးဆောင်သည့် အဖွဲ့သည် ချဲလင်ဂျာ အာကာသယာဉ်ပျက်ကျမှု ဖြစ်ရပ်ဆိုးက ကျန်ရစ်ခဲ့သည့် ဘောလုံးကို ကမ္ဘာပတ်လမ်းအတွင်းသို့ အောင်မြင်စွာ သယ်ဆောင်သွားနိုင်ခဲ့ပြီ ဖြစ်ပြီး ၎င်းတို့အနေနှင့် ချဲလင်ဂျာ အာကာသယာဉ် ပျက်ကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသော အာကာသယာဉ်မှူး အိုနီဇူကာ၏ စိတ်ကူးအိပ်မက် တစ်ခုကို ဖြည့်ဆည်းပေးလိုက်နိုင်သည့်အတွက် လွန်စွာပီတိ ဖြစ်ရပါကြောင်း ရှိန်းကင်မ်ဘရော့က ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် အသိပေးထားသည်ဟု Reuters က ဖော်ပြထားသည်။
06-Feb-2017 tagged as ဘောလုံး
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပို) သည် ဗီယက်နမ်နိုင်ငံတွင် ဘောလုံးပွဲ လောင်းကစားခြင်းကို တရားဝင် ခွင့်ပြုပေးလိုက်ခြင်း၏ နောက်ကွယ်၌ လုပ်ပွဲဖန်တီးမှု ကိစ္စများ ဆက်စပ်ပါဝင်လာမည်ကို စိုးရိမ်နေပြီး ဗီယက်နမ် ပြည်သူများကမူ ဘောလုံးပွဲ လောင်းကစားခွင့် တရားဝင် ရသွားခြင်းကြောင့် မိသားစု အိမ်တွင်းရေး ပြဿနာများနှင့် လူငယ်များ၏ အကျင့်စာရိတ္တ ပျက်ပြားမှုများ ကြီးထွားလာမည်ကို စိတ်ပူနေကြောင်း VExpress က ဖော်ပြထားသည်။
01-Feb-2017 tagged as ဘောလုံး
ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီနှင့် နောက်ခံလူ ဘိုနုချီတို့သည် အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပပြီးစီးသွားခဲ့သည့် စီးရီးအေ တစ်နှစ်တာ အကောင်းဆုံးဆု(Gran Gala de Calcio) ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား၌ ယင်းဆုများကို အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
24-Jan-2017 tagged as ဘောလုံး
ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် နောက်ဆုံးအဆင့် ခြေစစ်ပွဲ အုပ်စုများကို အာရှဘောလုံးအဖွဲ့ချုပ်က မဲခွဲထုတ်ပြန်လိုက်ပြီ ဖြစ်ရာ မြန်မာအသင်းမှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုတို့နှင့်အတူ အုပ်စု (က) တွင် တစ်အုပ်စုတည်း ကျရောက်သွားခဲ့ကြောင်း AFC က ဖော်ပြထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း မိသားစုတစ်စုကနေ ဆင်းသက်ပေါက်ဖွားလာတဲ့ ကလေးငယ်က ဇန်နဝါရီလ ၇ ရက်နေ့မှာ ထိုင်းနိုင်ငံအခြေစိုက် Workpoint Entertainment ရုပ်သံရဲ့ စွမ်းရည်ပြ အစီအစဉ်မှာ သူ့ရဲ့ဘောလုံးစွမ်းရည်ကို ထုတ်ပြလိုက်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် မနက်ဖြန် (ဇန်နဝါရီလ ၉ ရက်) တွင် ဖီဖာရုံးချုပ် အခြေစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့တွင် အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်မည့် The Best ဆုတံဆိပ်ကို ထုတ်ပြန်ပြသလိုက်ပြီဖြစ်ရာ ယင်းဆုတံဆိပ်ကို ကမ္ဘာတစ်လွှားရှိ ဘောလုံးပရိသတ်များက ဝေဖန်မှုများ ရှိနေကြောင်း Daily Star က ဖော်ပြထားသည်။