News

POST TAGGED AS

ဘောလုံးအသင်း

16-Sep-2017 tagged as ဘောလုံးအသင်း
ရီးရဲလ်မက်ဒရစ် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် မက်ဒရစ်မြို့တွင် ကျင်းပခဲ့သည့် အက်ဒီးဒတ်စ် အားကစား အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစု၏ ဈေးကွက်မြှင့်တင်ရေး ပွဲတော်တွင် အသင်းအားပေးသူ ပရိသတ်များ၏ အော်ဟစ်လှောင်ပြောင်ခြင်းဖြင့် ထပ်မံ ရင်ဆိုင်ခဲ့ရကြောင်း Marca က ဖော်ပြထားသည်။
12-Sep-2017 tagged as ဘောလုံးအသင်း
ပီအက်စ်ဂျီဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပေကို ခေါ်ယူရန်အတွက် ၎င်းတို့ထက် ငွေပိုပေး၍ ကမ်းလှမ်းခဲ့သည့်အသင်းများစွာ ရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး ယင်းအသင်းများကို ငြင်းပယ်၍ အမ်ဘတ်ပေက ပီအက်စ်ဂျီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ခီလိုင်ဖီက အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
11-Sep-2017 tagged as ဘောလုံးအသင်း
ဥရောပထိပ်သီး ကလပ်အသင်းကြီးများသည် ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ကို အများသဘောတူညီချက်ဖြင့် ပိတ်သိမ်းရန် ညှိနှိုင်းဆွေးနွေးနေကြပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူကို ၎င်းနှင့် ၎င်း၏အဖေအပေါ်တွင် ပေးအပ်ခဲ့သည့် မှတ်ချက်စကားအတွက် ဟာသပြောလွန်းသည့် ဥက္ကဋ္ဌဟု ခေါ်ဝေါ်ကာ ပြန်လည် တုံ့ပြန်လိုက်ပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
05-Sep-2017 tagged as ဘောလုံးအသင်း
အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒယ်လ်လီအယ်လ်လီသည် အင်္ဂလန်က ဆလိုဗက်ကီးယားကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ၎င်းလက်ခလယ်ထောင်ပြခဲ့သည့် အကြောင်းရင်းကို ပြန်လည် ရှင်းလင်းသွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
29-Aug-2017 tagged as ဘောလုံးအသင်း
ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ အေရိုင်ဒို ဘရိုင်ဒီသည် မက်ဆီနှင့် အင်နီယေစတာတို့ ဘာစီလိုနာကို စွန့်ခွာ၍ အသင်းပြောင်း ရွှေ့သွားကြဖွယ် ရှိနိုင်သည်ဟူသော သတင်းများကို ငြင်းဆန်ပယ်ချလိုက်ပြီး ယင်းကစားသမားများမှာ ကစားသမားဘဝ အဆုံးသတ်ချိန်တိုင်သည်အထိ ဘာစီလိုနာထံတွင် ရှိနေကြမည့်သူများဟု ဘရိုင်ဒီက အသိပေး ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
27-Aug-2017 tagged as ဘောလုံးအသင်း
မန်စီးတီးအသင်း တာဝန်ရှိသူများသည် ၎င်းတို့အသင်း၏ တိုက်စစ်မှူးဖြစ်သူ အဂူရိုကို ဘုန်းမောက်က လုံခြုံရေးဝန်ထမ်း တစ်ဦးအား တွန်းထိုးရန်ပြုမှုဖြင့် အရေးယူပေးပါရန် ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားခဲ့သည်ကို ဒေါသပေါက်ကွဲနေကြောင်း Daily Star က ဖော်ပြထားသည်။
21-Aug-2017 tagged as ဘောလုံးအသင်း
ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်သည် ရီးရဲလ်မက်ဒရစ်က ဒီပို့တီဗိုကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် လာလီဂါပွဲစဉ်တွင် နှစ်ဝါတစ်နီ ပြသထုတ်ပယ် ခံခဲ့ရခြင်းအတွက် ကွင်းလယ်ဒိုင်လူကြီး ဟိုဆေး လူးဝစ္စ ဂွန်ဇာလက်ဇ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူအသင်းသည် မိုနာကိုကွင်းလယ်ကစားသမား ဖာဘင်ညိုကို ခေါ်ယူရန်အတွက် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကာ ဖာဘင်ညိုအတွက် မန်ယူဘက်က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ဖြင့် ကမ်းလှမ်းဆက်သွယ်ထားခြင်းဖြစ်ကြောင်း ESPN က ဖော်ပြထားသည်။
10-Jun-2017 tagged as ဘောလုံးအသင်း
ဘရာဇီးဘောလုံးအဖွဲ့ချုပ်သည် အာဂျင်တီးနားက ဘရာဇီးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ခြေစမ်းပွဲတွင် ထိခိုက်ဒဏ်ရာ ရသွားခဲ့သည့် တိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆပ်စ်၏ဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိကြောင်း အတည်ပြုလိုက်ပြီဖြစ်ကာ သြစတြေးလျနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲတွင် ဂျီးဆပ်စ်မှာ အသင်းလူစာရင်း၌ ပြန်လည် ပါဝင်လာလိမ့်မည်ဖြစ်ကြောင်းလည်း ဘရာဇီးဘောလုံး အဖွဲ့ချုပ်က အတည်ပြုထားပြီ