News

POST TAGGED AS

ဘောလုံးအသင်း

26-Sep-2017

ဘောလုံးအသင်း
“မင်းကိုယ်မင်း မက်ဆီများ ထင်နေသလား”ဟု နေမာကို ကာဗာနီ ပြောကြားခဲ့
ပဲရစ်၊ စက်တင်ဘာ ၂၆

ပီအက်စ်ဂျီ တိုက်စစ်မှူးများဖြစ်ကြသည့် ကာဗာနီနှင့် နေမာတို့သည် ပီအက်စ်ဂျီအသင်း အဝတ်လဲခန်းရှိရာသို့ နေမာရောက်ရှိလာခဲ့သည့် ပထမဆုံးနေ့ကတည်းကပင် တစ်ဦးနှင့်တစ်ဦးအကြား ပုဂ္ဂိုလ်ရေး တင်းမာလောက်ဖွယ် အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ကာဗာနီမှာ နေမာကို “မင်းကိုယ်မင်း မက်ဆီလို့များ ထင်နေသလား”ဟု ပြောကြား၍ နေမာကို ခရီးဦးကြိုပြုခဲ့ခြင်းဖြစ်ကြောင်း El Pia က ဖော်ပြထားသည်။

ကာဗာနီသည် နေမာကို ယင်းသို့သော စကားမျိုးအား မည်သည့်သဘောဖြင့် ပြောကြားလိုက်သည်ဆိုခြင်းကို ၎င်းတို့နှစ်ဦး၏ အနီးပတ်ဝန်းကျင်တွင် ရှိနေခဲ့သူများမှာ ဒွိဟလွန်စွာဖြစ်ခဲ့ကြပြီး အချို့သော သူများက ကာဗာနီမှာ နေမာကို စကားနာထိုးလိုက်ခြင်းဟု ယူဆခဲ့ကြသော်လည်း အချို့ကမူ စကားနာထိုးခြင်း မဟုတ်ဘဲ နောက်ပြောင်လိုက်ခြင်းသာ ဖြစ်သည်ဟု သုံးသပ်ထားကြသည်။

နေမာနှင့် ကာဗာနီတို့သည် ပီအက်စ်ဂျီအသင်း ပင်နယ်တီနှင့် ပြစ်ဒဏ်ဘောများ ကန်သွင်းခွင့်ရရှိပါက သူ ကန်မည်၊ ငါ ကန်မည်ဟု ယှဉ်လုနေကြလျက်ရှိပြီး လက်ရှိတွင် ပီအက်စ်ဂျီအသင်း ကစားသမားအစုအဖွဲ့၌ပင် နေမာကို ထောက်ခံသူများနှင့် ကာဗာနီဘက်က ရပ်တည်သူများဟူ၍ အဖွဲ့ နှစ်ဖွဲ့ရှိနေပြီဖြစ်သည်။

ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများသည် နေမာနှင့် ကာဗာနီတို့ ထိပ်တိုက်တွေ့နေသည့် ပြဿနာများကို ဖြေရှင်းပေးရန်အတွက် နည်းလမ်း ရှာဖွေလျက်ရှိပြီး ပီအက်စ်ဂျီ အသင်းတာဝန်ရှိသူများက ၎င်းထံသို့ ပင်နယ်တီကန်ခွင့်အား နေမာကို လွှဲပြောင်းပေးလိုက်မည်ဆိုပါက အပိုဆုကြေး အကျိုးခံစားခွင့် ယူရိုတစ်သန်း ပေးမည်ဟူသော ကမ်းလှမ်းချက်ကို ကာဗာနီက ငြင်းဆန် ပယ်ချထားပြီလည်းဖြစ်သည်။



FOLLOW US