News

POST TAGGED AS

ဘောလုံးအသင်း

19-Sep-2017

ဘောလုံးအသင်း
ခြေဖဝါးရိုးကျိုးဒဏ်ရာ ရရှိခဲ့သည့်အတွက် နျူအာ လအနည်းငယ် အနားယူရဖွယ်ရှိ

မြူးနစ်၊ စက်တင်ဘာ ၁၉

ဘိုင်ယန်မြူးနစ် အသင်းဂိုးသမား နျူအာသည် အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ခြေဖဝါးရိုးကျိုးဒဏ်ရာ ရရှိသွားခဲ့သည့်အတွက် လအနည်းငယ်ကြာ အနားယူ ဆေးကုသခံရဖွယ် ရှိနေပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။

ဘိုင်ယန်မြူးနစ်အသင်း ဆေးအဖွဲ့သည် လက်ရှိတွင် နျူအာ၏ဒဏ်ရာကို ပထမအဆင့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးသွားခဲ့ပြီဖြစ်ကာ နျူအာ အနားယူရမည့် ကာလ အတိအကျကို ရှေ့လာမည့် စစ်ဆေးမှုအဆင့် များပြီးမှသာ အတိအကျ သတင်း ထုတ်ပြန်ပေးနိုင်လိမ့်မည်ဟု ဘိုင်ယန်မြူးနစ်က အသိပေးထားသည်။

နျူအာ ဒဏ်ရာ ရရှိသွားခြင်းသည် ဘိုင်ယန်မြူးနစ်အတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ရပ် ဖြစ်လာမည့် အခြေအနေများ ရှိနေပြီး နည်းပြ အန်စလော့တီကမူ အရန်ဂိုးသမား အားလ်ရိရှ်မှာလည်း စွမ်းဆောင်ရည် ကောင်းမွန်သည့် ဂိုးသမားတစ်ဦး ဖြစ်သည့်အတွက် ဘိုင်ယန်မြူးနစ်၏ အကျပ်အတည်းကို ကောင်းစွာ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ချက်ထား မျှော်လင့်လျက်ရှိသည်။

နျူအာသည် လွန်ခဲ့သည့်ဧပြီလ၌ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့ ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွင်လည်း ယခုကဲ့သို့ပင် ခြေဖဝါး ထိခိုက်ဒဏ်ရာ ရခဲ့ဖူးပြီး ယင်းဒဏ်ရာကြောင့် ဘောလုံးရာသီ ပြီးဆုံးချိန်တိုင်သည်အထိ အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ခြင်း မရှိခဲ့သည့် အခြေအနေကို နျူအာက ရင်ဆိုင်ခဲ့ရဖူးပြီးဖြစ်သည်။



FOLLOW US