News

POST TAGGED AS

ဖောက်ခွဲရေးပစ္စည်း

ဖောက်ခွဲရေးပစ္စည်း ဒီတိုနေတာ သိန်းချီဖမ်းမိ


လားရှိုး၊ စက်တင်ဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အဝင်တွင် သံတိုသံစများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဖောက်ခွဲရေးပစ္စည်း ဒီတိုနေတာ သိန်းချီဖမ်းမိခဲ့ကြောင်း ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

စက်တင်ဘာ ၄ ရက် ည ၁၁ နာရီခွဲကျော်က လားရှိုးဘက်မှလာသည့် ကားတစ်စီးပေါ်မှ ဒီတိုနေတာ တစ်သိန်းခြောက်သောင်းကျော် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ အခြားသော လက်နက်များကိုမူ မတွေ့ရှိရကြောင်း ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

ထိုသို့ဖမ်းဆီးရမိ၍ ယာဉ်မောင်းဖြစ်သူ ကိုမြင့်သိန်း၊ ယာဉ်နောက်လိုက် ကိုမြင့်ဇော်ဦးတို့ကို ၁၉၄၇ ခုနှစ် ရှမ်းလက်နက်အမိန့် ၁၂ အရ အမှုဖွင့်ထားပြီး အသေးစိတ်ကို ဆက်လက်စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းပိုင်းတွင် ဒီတိုနေတာနှင့် အခြားသောဖောက်ခွဲရေးပစ္စည်းများ မကြာခနဖမ်းဆီးရမိလေ့ရှိပြီး ဒီတိုနေတာများကို ရွှေတွင်းတူးခြင်း၊ ကျောက်မိုင်းခွဲခြင်းလုပ်ငန်းများတွင်လည်း သုံးလေ့ရှိသည်။



FOLLOW US