News

POST TAGGED AS

ပေါင်းတည်မြို့နယ်

မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ပေါင်းတည်မြို့နယ်အတွင်း ပေါင်းတည်မြို့ပေါ်နှင့် ကျေးရွာ ၂၀၀ ကျော်တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေကြောင်း ပေါင်းတည်မြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောကြားသည်။
ပြည်သူ့ဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားသည်ဟုဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ပေါင်းတည်မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲဦးဆောင်သူများထံမှ သိရသည်။
ပေါင်းတည်မြို့နယ်၊ မင်းကွက် ၃ ရပ်ကွက်အတွင်းရှိ ဆန်စက်တစ်ခုမှ ပြာမှုန်များ ရပ်ကွက်အတွင်းသို့ ကျရောက်နေမှုကြောင့် ဒေသခံများ အခက်အခဲ တွေ့ကြုံရလျက်ရှိသည့်အပေါ် ရပ်ကွက်အတွင်းသို့ ဆန်စက်မှပြာမှုန်များ မလွင့်စေရန်နည်းလမ်းများဖြင့် လုပ်ဆောင်ရန် သတိပေးညွှန်ကြားထားကြောင်း မင်းကွက် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက ပြောကြားသည်။